ကိုယ်အပူချိန်မြင့် တရုတ်နိုင်ငံသားကို ဝေဘာဂီဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု
DVB
·
February 7, 2020
ကိုယ်အပူချိန်မြင့်မားပြီး လည်ချောင်းနာ လက္ခဏာတွေဖြစ်ပွားခဲ့တာကြောင့် ဇန်နဝါရီ ၆ ရက်က ဝေဘာဂီဆေးရုံကို ရောက်ရှိလာတဲ့ အသက် ၂၈ နှစ်အရွယ် တရုတ်နိုင်ငံသားအား စစ်ဆေးရာမှာ အခြားပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ မတွေ့ရှိရဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီလူနာကို ဝေဘာဂီအထူးကုဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုကုသနေပြီး သူ့ထံမှ ဓာတ်ခွဲနမူနာကို ကမ္ဘာကျန်းမာရေးအဖွဲ့ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမယ်လို့ သိရပါတယ်။
လူနာနဲ့ထိတွေ့ခဲ့တဲ့ ဧည့်လမ်းညွှန်ကိုလည်း ဝေဘာဂီအထူးကုဆေးရုံမှာ ထားရှိပြီး စောင့်ကြပ်ကြည့်ရှုနေပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၆ နာရီအထိ မြန်မာတနိုင်ငံလုံးအနေနဲ့ သံသယလူ ၂ ဦး အပါအဝင် လူနာ ၇ ဦးကို သက်ဆိုင်ရာဆေးရုံတွေမှာ ဆက်လက်စောင့်ကြပ်ကြည့်ရှု ကုသမှုပေးနေပြီး ကျန်းမာရေးအခြေအနေတွေ သက်သာကောင်းမွန်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေဟာ ဒီနေ့မနက်ပိုင်းအထိ ၃၁၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၃၈ ဦးရှိသွားပြီလို့ သိရပါတယ်။