ကြွက်သားဒဏ်ရာကြောင့် ဒေါ့မွန်အသင်းခေါင်းဆောင် ၁ လခန့်နားရဖွယ်ရှိ

Reuters
624
ဂျာမန်ကလပ် ဒေါ့မွန်အသင်း ခေါင်းဆောင် မာကိုရု့စ်ဟာ ကြွက်သားဒဏ်ရာကြောင့် အနည်းဆုံး ၁ လလောက် အနားယူရဖို့ ရှိနေပါတယ်။
ကွင်းလယ်သမား မာကိုရု့စ်ဟာ ဖေဖော်ဝါရီ ၅ ရက်က ဝါဒါဘရီမင်ကိုရှုံးတဲ့ ဂျာမန်ဖလားပြိုင်ပွဲမှာ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၀ အရွယ် ကွင်းလယ်သမား ဒဏ်ရာရတာဟာ ဒေါ့မွန်အတွက်တော့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။
ဒေါ့မွန်အသင်းဟာ မာကိုရု့စ် မပါဘဲနဲ့ ဒီလထဲမှာ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်အဖြစ် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိပါတယ်။
လောလောဆယ်မှာ ဒေါ့မွန်အသင်းဟာ ဘွန်ဒတ်စ်လီဂါ အမှတ်ပေးဇယားရဲ့အဆင့် ၃ နေရာ မှာ ရပ်တည်နေပါတယ်။