Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ) 
DVB
·
February 6, 2020
အပတ်စဉ် ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ပရိသတ် တွေ စောင့်မျှော်နေကြတဲ့ နာမည်ကြီး အမျိုးသမီး စူပါဟီးရိုးရုပ်ရှင်ကား Birds of Prey ! ဒီကားကိုတော့ တရုတ်-အမေရိကန် ကပြားအမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Cathy Yan က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်ရေးကုမွဏီတ ခုဖြစ်တဲ့ Warner Bros. Pictures ကနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ ဒီကားကတော့ နာမည်ကျော် DC Comics ဇာတ်ကောင်တွေကို အခြေတည်ရိုက် ကူးထားတာ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီးဖြစ်တဲ့ Suicide Squad  ရုပ်ရှင်ရဲ့ နောက်ဆက်တွဲရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာပါ။ ဒီကားထဲမှာတော့ အဓိကအ မျိုးသမီးဇာတ်ကောင် Harley Quinn ဟာ Joker နဲ့ လမ်းခွဲခဲ့ပြီးနောက် Gotham မြို့ ကြီးထဲမှာ သတ်မိန့်ထုတ်ထားတဲ့ Cassandra Cain ဆိုတဲ့ မိန်းကလေးတယောက်ကို Black Mask ဆိုတဲ့ ဒုစရိုက်ရာဇာကြီးဆီက ကယ်တင်ဖို့အတွက် Huntress ၊ Black Canary ၊ Renee Montoya တို့နဲ့ ပူးပေါင်းပြီး ဘယ်လိုတွေ ကြိုးစားကယ်တင်ကြမလဲ၊ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ မကြာခင်မှာပဲ စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ် ပါတယ်။ ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင် Harley Quinn နေရာမှာတော့ အရင်ရုပ် ရှင် Suicide Squad  ထဲမှာ Harley Quinn အနေနဲ့ ပါဝင်ခဲ့တဲ့ နာမည်ကြီး သရုပ် ဆောင်မင်းသမီး Margot Robbie ကပဲ ပြန်ပြီးတော့ ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အ တူ တခြားသရုပ်ဆောင်တွေေဖြစ်ကြတဲ့ Mary Elizabeth Winstead ၊ Rosie Perez ၊ Chris Messina ၊ Ali Wong နဲ့ Ewan McGregor စတဲ့ သရုပ်ဆောင်တွေလည်း ပါ ဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ်ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြ ကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့် ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကို ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၉၇ ဒဿမ ၁ သန်း အကုန်အကျခံ ရိုက် ကူးထားတာ ဖြစ်ပါတယ်။ Box Offce မှာတော့ ဒီရုပ်ရှင်ကားကို အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေအမေရိကန်ဒေါ်လာ ၄၉ သန်းကနေ ၅၅ သန်းကြား ရရှိ နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ကြာမြင့်ချိန် ၁၀၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၇ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဖြစ်ရပ်မှန် အခြေပြု Thriller Drama အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ Incitement !  ဒီကားကိုတော့ Greenwich Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး အ စ္စရေး-အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Yaron Zilberman က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ အစ္စရေးဝန်ကြီးချုပ် ယစ်ဇက်ရာဘင်ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဂျူးအစွန်းရောက်သမား ရီဂယ်အာမေးအကြောင်းကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါ တယ်။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က တဲလ်အ ဗစ်မြို့ရင်ပြင်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးအခမ်းအနားတခုမှာ ဖြစ်ခဲ့တာပါ။ အစ္စရေးစစ် ဘက်အကြီးအကဲတယောက် အဖြစ်ကနေ ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ ရာဘင်ဟာ အော်စ လိုငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့မှုအတွက် ၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဗယ် ဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ သူ့ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ရီဂယ်အာမေးကတော့ အဲဒီ အချိန်က ၂၅ နှစ်အရွယ် ဉပဒေအထူးပြု ကျောင်းသားတယောက်ဖြစ်ပြီး ဒီလုပ်ကြံမှု အ တွက် တသက်တကျွန်းနဲ့ ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရပါတယ်။ ဒီရုပ်ရှင် ထဲမှာတော့ သူ့ရဲ့ ရှုထောင့်ကနေ ပုံစံတမျိုးနဲ့ ဘယ်လို ရိုက်ကူးပုံဖော်ထားမလဲဆိုတာ ကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ အစ္စရေးသရုပ်ဆောင်မင်းသား Yehuda Nahari Halevi က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Daniella Kertesz ၊ Anat Ravnitzki ၊ Yoav Levi စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြ တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ဟီဘရူးဘာသာစကားကို အသုံးပြုထားခဲ့တာ ဖြစ်ပြီး IMDb မှာတော့ Rating 7.3 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ အစ္စရေးအော်စကာလို့ အသိအမှတ်ပြုကြရတဲ့ Ophir Award မှာ အကောင်းဆုံးရုပ်ရှင်ကားအနေနဲ့ ဆုရရှိခဲ့ပြီး နာမည်ကြီးရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ Toronto International Film Festival အပါအဝင် ရုပ်ရှင်ပွဲတော်အတော်များများမှာ Official Selection အနေနဲ့ ပြသခဲ့ပြီးတော့ ချီးကျူးမှုတွေလည်း ရရှိထားခဲ့ပါတယ်။ ကြာမြင့်ချိန် ၁၂၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ လ ၃၁ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ရုံမ တင်ခင်ကတည်းက ပရိသတ်တွေကြား လူပြောများရေပန်းစားနေတဲ့ မြန်မာရုပ်ရှင်-မြမြ ! ဒီကားကိုတော့ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးနဲ့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးတို့ က ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး ဇာတ်လမ်းနဲ့ ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးခဲ့တဲ့ မြမြအကြောင်းကို ရုပ်ရှင်အနေနဲ့ ဖန်တီးပုံဖော်လိုက်တာ ဖြစ်ပါတယ်။ ဒီကားထဲက အဓိ ကဇာတ်ကောင်တဦးဖြစ်တဲ့ မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ကောင်မလေး မြမြနေရာမှာ တော့ ပရိသတ်တွေ သိကြပြီးဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး သင်ဇာဝင့်ကျော်က ပါဝင်မှာ ဖြစ်ပြီး အဲဒီအကြောင်းကို ဝိညာဉ်ဝင်ရောက်ပူးကပ်ခံရတဲ့ ကောင်မလေး ခင်ဇာခြည်လွင် နေရာမှာတော့ အငြိမ့်မင်းသမီး ဝင်းသပြေထွန်းက သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ တခြားသရုပ်ဆောင်တွေအနေနဲ့ ဒီရုပ်ရှင်ထဲမှာ မင်းတော်ဝင်၊ ဒီးဒီး၊ ယမုံ၊ မျိုး လှိုင်ဝင်း၊ လင်းနေ၊ ကိုစိုင်းနဲ့ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားအတွက် လူကြမ်းသရုပ်ဆောင်သစ် လူရွေးပွဲကျင်းပချိန်ကတည်းက အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေရော၊ ချီးကျူးမှုတွေရော ရှိခဲ့ ပြီး လူပြောများ စိတ်ဝင်စားမှုတွေ မြင့်တက်နေခဲ့တာပါ။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ရက်ပိုင်းအတွင်း ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ သိန်းနဲ့ချီ ရှိနေခဲ့တာပါ။ ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ မူဗီခရေဇီတွေကို ထပ်ပြီး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးခြား ဆန်းပြားတဲ့ အကအလှပြိုင်ပွဲတွေနဲ့ ရှုစားကြရမယ့် ဘောလိဝုဒ်ရုပ်ရှင်- Street Dancer ! ဒီကားကိုတော့ အိန္ဒိယအကနည်းပြနဲ့ သရုပ်ဆောင်ဒါရိုက်တာ Remo D'Souza က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး T-Series နဲ့ Remo D'Souza Entertainment ရုပ်ရှင်ထုတ်လုပ်ရေး ၂ ခု ပူးပေါင်းထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဘောလိဝုဒ်ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း အကအလှတွေ၊ ဒ ရာမာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာပါ။ ဇာတ်လမ်းကျောရိုးကတော့ လန် ဒန်မှာ အခြေတည်ထားခဲ့ပြီး မတူညီကြတဲ့ မတည့်ကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်အကအဖွဲ့ ၂ ဖွဲ့ ထိပ်တိုက်ရင်ဆိုင်ကြရတဲ့ အခြေအနေကို ရှုစားကြရမှာပါ။ ဆုကြေးမြင့်မားပြီး ခမ်း နားတဲ့ ဒီပြိုင်ပွဲမတိုင်ခင်မှာလည်း အဲဒီအဖွဲ့ ၂ ဖွဲ့ဟာ အကြိမ်ကြိမ် ပြိုင်ဆိုင်မှုတွေ ရှိနေ ခဲ့ကြဖူးပြီး ခုလိုပြိုင်ပွဲကြီးမှာ ပြန်ဆုံရချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ၊ ဝင်ပြိုင်ခဲ့ကြရတဲ့ နောက် ကွယ်က အကြောင်းရင်းကရော ဘာတွေဖြစ်မလဲ၊ ဒါတွေကို ပရိသတ်တွေက အ လှည့်အပြောင်းဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ အိန္ဒိယထိပ်တန်းအကဆရာ Remo ဖန်တီးထားတဲ့ ကကွက်တွေနဲ့အတူ ရှုစားကြ ရမယ့် ဒီကားထဲမှာတော့ နာမည်ကျော်ဘောလိဝုဒ်စတား သရုပ်ဆောင်မင်းသားမင်းသမီး ၂ ဦးဖြစ်ကြတဲ့ Varun Dhawan နဲ့ Shraddha Kapoor တို့က အတွဲညီညီ ခေါင်း ဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ Sound Tracks ၉ ပုဒ်အထိ ထည့်သွင်းထားခဲ့တာမို့ ပရိ သတ်တွေက သီချင်းတွေ၊ အကအလှတွေနဲ့ တဝကြီး ခံစားကြည့်ရှုကြရမှာပါ။ ဟင်ဒီစကားပြောရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကို Not Rated-NR အဆင့် သတ်မှတ်ထားပြီး ယူကျုဘ်ပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြ တဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၄၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ အိန္ဒိယနိုင်ငံမှာ ဇန်နဝါရီလ ၂၄ ရက် နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ လက်ရှိရုံတင်ပြသနေတာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာ ရုပ်ရှင်ကားတကားဖြစ်တဲ့ ပလေယာ ! ဒီကားကိုတော့ ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး သက်ဦး မောင်ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံဖော်ပေးထား တာ ဖြစ်ပါတယ်။ အချစ်ဟာသရုပ်ရှင်ကားတကား အနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီကားထဲမှာတော့ ပလေယာဆိုတဲ့အတိုင်း ဘယ်လိုအလွဲအချော်တွေ၊ ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသား မြင့်မြတ်ကို ဝိုင်ဘီအက်စ် ယာဉ်မောင်းတယောက်အနေနဲ့ ထူးထူးခြားခြား ရှုစားကြရမှာ ဖြစ်ပြီး သူနဲ့အတူ တခြား သရုပ်ဆောင်တွေအနေနဲ့ ထွန်းထွန်း၊ စိုးမြတ်သူဇာ၊ အိချောပို၊  ဟာသသရုပ်ဆောင် ခင် လှိုင်၊ ဂျိုကာတို့နဲ့ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရန် ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာမို့လို့ ပရိ သတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024