ကိုရိုနာဗိုင်းရပ်စ်ကြောင့် ညောင်လေးပင် လုဒ်မယ်တော်သခင်မပွဲတော်ကို ရွှေ့ဆိုင်း
နော်နိုရင်း
·
February 5, 2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါအခြေအနေကြောင့် ညောင်လေးပင်မြို့မှာကျင်းပမယ့် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မ ပွဲတော်ကို ရွှေ့ဆိုင်းကြောင်း မြန်မာနိုင်ငံ ကတ်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံ ကတ်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်နဲ့ ပွဲတော်ကျင်းပရေးကော်မီတီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ မယ်တော်ပွဲကာလ၊ ရက်တွေကို ယာယီရွှေ့ဆိုင်းလိုက်ကြောင်း ထုတ်ပြန်တာ ဖြစ်ပါတယ်။
လုဒ်မယ်တော်သခင်မပွဲတော် ပြန်လည်ကျင်းပမယ့်ရက်ကိုလည်း ထပ်မံကြေညာသွားမှာ ဖြစ်ကြောင်းနဲ့ အဆင်မပြေမှုအတွက် နားလည်ပေးဖို့မေတ္တာရပ်ခံထားပါတယ်။
ညောင်လေးပင်မြို့ ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီလ လယ်လောက်မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။