Home
သတင်းတို
ရန်ကုန် မန္တလေးလမ်း ကွန်ကရစ် ကတ္တရာ ခင်းမယ့် စီမံကိန်း ပယ်ချ
DVB
·
March 1, 2013
လာမယ့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးကို ထပ်ပိုးကတ္တရာ အေစီ ခင်းမယ့် စီမံကိန်းကို လွှတ်တော်က ပယ်ချလိုက်ပြီး တင်ပြထားတဲ့ ဘတ်ဂျက်တွေ အားလုံးကိုလည်း ဖြတ်တောက်လိုက်ပါတယ်။ စီမံကိန်းရဲ့ ကဏ္ဍ ၃ ခုဖြစ်တဲ့ လမ်းခင်းတာ၊ ပြည်ပက ကုန်ကြမ်းနဲ့ စက်ကိရိယာတွေ တင်သွင်းတာ စတဲ့ စီမံကိန်း ၃ ခုပေါင်း ဘတ်ဂျက်ကျပ် သန်း ၉ ထောင်နီးပါး ဖြတ်တောက် လျှော့ချလိုက်တာ ဖြစ်ပါတယ်။ ထပ်ပိုးကတ္တရာခင်းမယ့် ဘတ်ဂျက်ကို ဖြတ်တောက်လိုက်ပေမယ့် လမ်း အလယ်ကျွန်းမှာ ဘယ်ရီယာ တပ်ဆင်ဖို့၊ under pass အထိ လမ်းတွေ ဖောက်ပေးဖို့၊ လမ်းတလျှောက်က ကျွဲနွား တိရစ္ဆာန်တွေ လမ်းပေါ် တက်မလာအောင် အကာအရံတွေ တည်ဆောက်ဖို့ လိုအပ်တဲ့ ဘတ်ဂျက် တွေကိုတော့ ခွင့်ပြုပေးလိုက်ကြောင်း သိရပါတယ်။ ရန်ကုန်- နေပြည်တော် လမ်းမကြီးဟာ လုပ်ငန်းမပြီးသေးတဲ့ ကွန်ကရစ် လမ်းကြမ်းဖြစ်ပြီး နှစ်စဉ် ကားမတော်တဆမှုကြောင့် လူ ၅၀ ကျော် သေဆုံးနေတဲ့ လမ်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024