A d v e r t i s e m e n t With Us

တက္ကဆက် တက္ကသိုလ်တွင် ပစ်ခတ်မှုဖြစ်ပွား၊ လူ ၂ ဦး သေဆုံး

အမေရိကန်ပြည်ထောင်စု တက္ကဆက် A&M တက္ကသိုလ်မှာ ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၃ ရက်က လူ ၂ ဦးသေဆုံးပြီး  ၁ ဦးဒဏ်ရာရတယ်လို့ တက္ကသိုလ်နယ်မြေမှာ တာဝန်ကျတဲ့ ရဲကို ကိုးကားပြီး ဒေသခံသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ “လူနှစ်ယောက် သေတယ်လို့ အတည်ပြုထားတယ်။ တတိယ အပစ်ခတ်ခံရသူကို ဆေးကုဖို့ ဆေးရုံကို ခေါ်သွားပြီ၊ တက္ကသိုလ် ပရဝဏ်ထဲက လူတွေ ဘေးကင်းဖို့ အဓိကကျတဲ့ လူစုလူဝေးရှိရာ နေရာတွေ အားလုံး အပါအဝင် တက္ကသိုလ်နယ်မြေ တခုလုံးကို အရာရှိတွေ တာဝန်ချထားပြီးပြီ”လို့ ရဲက တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ကြေညာပါတယ်။ အခြေအနေကြောင့် အကူအညီလိုသူတိုင်းအတွက် ညီလာခံခန်းမတွေမှာ အတိုင်ပင်ခံတွေ ရှိနေတယ်၊ လုံခြုံတဲ့နေရာမှာခိုလှုံနေဖို့ အမိန့်ကိုလည်း ပြန်ရုပ်သိမ်းပြီးပြီလို့ ရဲက တွစ်တာပေါ်မှာ ထပ်ပြောပါတယ်။ ဒါးလတ်စ်မြို့ အရှေ့မြောက်ဘက် ၆၅ မိုင်အကွာက တက္ကသိုလ်ထဲမှာ ပစ်ခတ်မှု ဖြစ်အပြီး အဲဒီနေ့နှောင်းပိုင်းက စာသင်ချိန်အားလုံးကို ဖျက်သိမ်းခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up