ဟားခါးမြို့နယ်တွင် ယာဉ်တစီး ချောက်ထဲထိုးကျ
DVB
·
February 2, 2020
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါး-ဂန့်ဂေါလမ်းမကြီး၊ မိုင်တိုင်အမှတ် ၆၆/၄ အနီးမှာ ဒီနေ့မွန်းလွဲပိုင်းက ယာဉ်တစီး ချောက်ထဲ ထိုးကျတာကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဂန့်ဂေါဘက်ကနေ ဟားခါးကို မောင်းနှင်လာသတဲ့ HYUNDAI (၆) ဘီးယာဉ်ဟာ ဘရိတ်ပေါက်ရာမှ လမ်းဝဲဘက်ရှိ ချောက်ထဲ ထိုးကျတိမ်းမှောက်ခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဘုံဇုံးနယ်မြေ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တာကြောင့် ဘုံဇုံးနာရေးကူညီရေးယာဉ်နဲ့ ဟားခါးမြို့ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။