Home
မြန်မာသတင်း
၁၈ နှစ်ပြည့်လူငယ်များ မှန်မှန်ကန်ကန် ဆန္ဒမဲပေးပြီး ဒီမိုကရေစီဖြစ်စဉ်များတွင် ပိုမိုပါဝင်ရန် တိုက်တွန်း
ဆုဆုသွယ်
·
February 2, 2020
၂၀၂၀ ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးကြမယ့် အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ လူငယ်တွေအနေနဲ့ မိမိတို့ကိုယ်စားပြုမယ့်ကိုယ်စားလှယ်တွေကို မှန်မှန်ကန်ကန် ဆန္ဒမဲပဲရွေးချယ်ပြီးတော့ ဒီမိုကရေစီဖြစ်စဉ်တွေမှာ ပိုမို ပါဝင်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။ ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ်မဲပေးမယ့် လူငယ်များတွေ့ဆုံပွဲ ၂၀၂၀) အခမ်းအနားမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောဆိုလိုက်တာပါ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကောက်ယူထားတဲ့ အခြေခံမဲစာရင်းက ၂၀၂၀ ရွေးကောက်ပွဲမှာ အသက် ၁၈ ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးမယ့် လူငယ် ၄ သန်းကျော် ၅ သန်းနီးပါးရှိပါတယ်။ နောက်ဆုံးကောက်ယူထားတဲ့ သန်းခေါင်စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ထမဆုံးအကြိမ်မဲပေးမယ့် လူငယ်အများစုမှာ ရန်ကုန်တိုင်းကဖြစ်ပြီး ဒုတိယမှာဧရာဝတီတိုင်းနဲ့ တတိယ ရှမ်းပြည်နယ်တို့ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လူငယ်တွေ မှန်မှန်ကန်ကန်ဆန္ဒမဲပေးနိုင်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် ဦးတင်မောင်အေးက ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၂၀  ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ရမယ်၊ တရားမျှတမှုရှိရမယ်၊ ပွင့်လင်းမြင်သာမှုရှိရမယ်၊ အများယုံကြည် လက်ခံနိုင်မှုရှိရမယ်၊ ပြည်သူဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ်တထပ်တည်းဖြစ်စေရမယ် စတဲ့ စံ ၅ ချက်နဲ့ ကျင်းပသွားမယ်လို့ ဆိုပါတယ်။ ဆိုရှယ်မီဒီယာပေါ်က တိုက်ခိုက်မှုတွေဟာ ဒီမိုကရေစီဖြစ်စဉ်ကို ဆိုးရွားစွာ ထိခိုက်စေတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ အမုန်းစကား တိုက်ခိုက်မှုတွေ သတင်းအမှားဖြန့်ဝေမှုတွေရှိရင် ရွေးကောက်ပွဲအပေါ် သက်ရောက်နိုင်တဲ့အတွက် အား လုံးဝိုင်းဝန်းတားမြစ်ပေးကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024