အိုဇေးလ်ကို ခေါ်ယူရန် အရှေ့အလယ်ပိုင်းကလပ် ကမ်းလှမ်းမှု အာဆင်နယ် ပယ်ချ

Getty Images
ကွင်းလယ်လူ အိုဇေးလ်ကို ခေါ်ယူဖို့ အရှေ့အလယ်ပိုင်းနိုင်ငံက အသင်းတသင်းက ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ်အသင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။  Mirror သတင်းစာရဲ့ဖော်ပြချက်အရ အိုဇေးလ်ကို ခေါ်ယူဖို့ ကာတာ၊ ဆော်ဒီနဲ့ ယူအေအီး စတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ကလပ်အသင်းတသင်းက အပြောင်းအရွှေ့ ပိတ်သိမ်းမယ့် ဇန်နဝါရီ ၃၁ ရက်က ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်နည်းပြ အာတီတာကတော့ အသင်းမှာ လုပ်ခအများဆုံး ပေးချေထားရတဲ့ အိုဇေးလ်အတွက် ကမ်းလှမ်းမှုကို လက်ခံစဉ်းစားလိုပေမယ့် အသင်းဘက်က ပယ်ချခဲ့တာလို့ ဆိုပါတယ်။ ဂျာမန်ကွင်းလယ်လူ အိုဇေးလ်ဟာ နည်းပြအာတီတာ လက်ထက်မှာ အရင်နည်းပြဟောင်း အူနိုင်းအမ်မရီ လက်ထက်ကထက် ပွဲထွက်ခွင့် ပိုရခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။  အိုဇေးလ်ဟာ ပရီးမီးယားလိဂ်နဲ့ ကရာဘောင်ဖလားမှာ ဂိုးဖန်တီးမှု တကြိမ်စီပဲ ပြုလုပ်နိုင်ခဲ့ ပြီး သွင်းဂိုးလည်း ရယူနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up