ပဲခူးတိုင်းတွင် ဖဲကြိုးစိမ်း လှုပ်ရှားမှု ပြုလုပ်
DVB
·
February 1, 2020
စာသင်ကာလ တိုးမြှင့်တာကို ကန့်ကွက်တဲ့အနေနဲ့ ပဲခူးတိုင်းမှာ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက ဖဲကြိုးစိမ်း လှုပ်ရှားမှုနဲ့ လက်မှတ်ကောက်ယူတာတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ/ဆရာမများအဖွဲ့ချုပ် (ဖြူး) က ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။
လှုပ်ရှားမှုကို ဖြူး၊ ဇေယျဝတီနဲ့ ကညွတ်ကွင်းမြို့တွေမှာပြုလုပ်ခဲ့ပြီး ဆရာ/ဆရာမအင်အား တစ်ထောင်ကျော်နဲ့ ကျောင်းသားမိဘတွေ၊ ကျောင်းသားကျောင်သူတွေ တက်ရောက် လက်မှတ်ထိုးခဲ့ကြပါတယ်။
အခုလက်ရှိ စာမေးပွဲစနစ်ပြောင်းလဲတဲ့အပေါ် ကျောင်းသားမိဘများ နဲ့ဆရာ/ဆရာမတွေမှာ အခက်အခဲရှိတာကို အထက်လူကြီးများ သိရှိစေရန်ဖို ရည်ရွယ် လုပ်ဆောင်တာလို့ ဦးဆောင်သူ ဆရာဦးဇော်ဝင်းစံကပြောပါတယ်။
ဒီနေ့နက်ပိုင်းလှုပ်ရှားမှုမှာ လက်မှတ် ၇၀၀ ကျော်ရရှိခဲ့ပြီး ဆက်လက်ပြီး လက်မှတ်တွေ ကောက်ယူသွားမယ်လို့ သိရပါတယ်။
ကျော်အောင်(ကညွတ်ကွင်း)