တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၅၉ ဦးထိ မြင့်တက်

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၂၅၉ ဦးအထိ မြင့်တက်လာပြီး ရောဂါကူးစက်သူပေါင်း ၁၁,၀၀၀ ကျော်အထိ ရှိလာတယ်လို့ ဖေဖော်ဝါရီလ ၁ ရက်  ဗဟိုအစိုးရ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ဖြစ်ပွားမှုအများဆုံး ဟူဘေးပြည်နယ်မှာ ဇန်နဝါရီလ ၃၁ ရက်က  ထပ်မံသေဆုံးသူ ၄၅ ယောက် ရှိတယ်လို့ AFP သတင်းက ဆိုပါတယ်။ ဒါ့အပြင် ရုရှား၊ ဗြိတိန်နဲ့ စပိန်နိုင်ငံတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေကို ပထမဆုံးအကြိမ် တွေ့ရှိတယ်လို့ သတင်းတွေက အစီရင်ခံပါတယ်။  ဗြိတိန်နိုင်ငံအတွင်းရှိ လူနှစ်ယောက်မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိတယ်လို့  AFP က ဖော်ပြပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာလည်း ၇ ယောက်မြောက် ဗိုင်းရပ်စ်ကူးစက်ခံရသူကို အတည်ပြုတယ်လို့ CNBC သတင်းမှာ ဖော်ပြပါတယ်။  စပိန်နိုင်ငံမှာလည်း ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူကို တွေ့ရှိခဲ့ပါတယ်။ အာဖရိကနိုင်ငံတွေမှာ ဒီကနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ သတင်းတွေ မရရှိပေမယ့် ရောဂါကူးစက်ခံရမှု မရှိအောင် ကြိုတင်ဆောင်ရွက်နေတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up