သပိတ်ကျင်းမြို့တွင် မြေငလျင်လှုပ်
DVB
·
February 1, 2020
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၃.၅ အဆင့်ရှိ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၈ နာရီ၊ ၂၇ မိနစ်၊ ၃၅ စက္ကန့်အချိန်က ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့ဘက် (၃၄)မိုင် ခန့်ကွာဝေးတဲ့ သပိတ်ကျင်းမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၂၁ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၃.၁၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၅ ဒီဂရီ၊ အနက် ၄ ကီလိုမီတာခန့်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။