မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်စီးပွားရေး နောက်ကျကျန်နေ
DVB
·
January 31, 2020
မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုမှာ အင်တာနက်နဲ့ပတ်သတ်ပြီး အားကောင်းနေပေမယ့် အာရှနိုင်ငံထဲမှာတောင် ဒစ်ဂျစ်တယ်ကိုသုံးပြီးတော့လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အများကြီးနောက် ရောက်နေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၃၁ ရက်က MPT နဲ့ Information Matrix တို့ ပူးပေါင်း စီစဉ်ကျင်းပတဲ့ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုအသစ် မိတ်ဆက်ပွဲအပြီးမှာ ဒစ်ဂျစ်တယ် စီးပွားရေးကျွမ်းကျင်သူတွေက ပြောကြားခဲ့တာပါ။
ဘဏ်စနစ်လိုဟာမျိုးတွေ၊ အွန်လိုင်းရှော့ပင်းတွေ စတဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှု လုပ်ဆောင်တဲ့ အပိုင်းတွေမှာ မြန်မာနိုင်ငံက အရမ်းနောက်ကျနေသလို ဒစ်ဂျစ်တယ်ဝန်ဆောင်မှု စနစ်ကို သွားမယ်ဆိုရင် ဂေဟစနစ်တစ်ခုလုံးကို ပြောင်းလဲစဉ်းစားဖို့ လိုတယ်လို့လည်း အကြံပြုပါတယ်။
ဒါ့အပြင် ဒစ်ဂျစ်တယ်ဝန်ဆောင်မှု လုပ်လာမယ်ဆိုရင် ဆိုင်ဘာလုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စတွေမှာလည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုမယ်လို့လည်း ပြောပါတယ်။
နူးရာ