ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော MV BOUDICCA သီလဝါဆိပ်ကမ်းဆိုက်ကပ်










876
လူ ၁၀၀၀ ကျော် တင်ဆောင်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး MV BOUDICCA က ဇန်နဝါရီ ၃၁ ရက်နေ့က Waimar Myanamr သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်လာပါတယ်။
ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန ဦးဆောင်ပြီး Myanmar Voyages International Tourism ကုမ္ပဏီက စီစဉ်ကာ ဗြိတိန်နိုင်ငံအခြေစိုက် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောမှာတော့ ခရီးသည် အယောက် ၆၅၀ ခန့်နဲ့ သင်္ဘောဝန်ထမ်း အယောက် ၃၆၀ ကျော်ကို တင်ဆောင်လာတာဖြစ်ပါတယ်။
အဲဒီသင်္ဘောကတော့ ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းကနေ ထွက်ခွာလာတာဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုဆိပ်ကမ်းကို ထွက်ခွာမှာဖြစ်ပါတယ်။
သင်္ဘောမှာပါရှိလာတဲ ခရီးသွားဧည့်သည်တွေကတော့ ရန်ကုန်မြို့တွင်း၊ ပဲခူးမြို့နဲ့ သန်လျင်၊ ကျောက်တန်းတို့ကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။
MV BOUDICCA ကမ္ဘာ့လှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီးကတော့ ၂၀၁၉ ခုနှစ် နိုင်ဝင်ဘာလကတည်းက ဗြိတိန်နိုင်ငံက ထွက်ခွာခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမဆုံး ဆိုက်ကပ်လာတဲ့ အပျော်စီးသင်္ဘောကြီးလည်းဖြစ်ပါတယ်။