ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၁ ဦးတွေ့ရှိ
DVB
·
January 31, 2020
တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ကနေ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဆိုက်ကပ်လာတဲ့ ခရီးသည်တင်လေယာဉ်တစီးပေါ်မှာ ဝူဟန်မြို့ကလာတဲ့ တရုတ်ခရီးသည်တဦး ကိုရိုနာဗိုင်းရပ်စ် ရောဂါသံသယရှိတာကြောင့် စစ်ဆေးနေပါတယ်။
အဲဒီခရီးသည်ကို ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားပြီး လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေကိုလည်း လေဆိပ်ထဲကိုပေးမဆင်းသေးပါဘူး။ လေယာဉ်မှူးက သံသယရှိကြောင်း သတင်းပေးတဲ့အတွက် စစ်ဆေးဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။