Home
မြန်မာသတင်း
မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ် ယာယီရပ်ဆိုင်း
Aung Aung Naing
·
January 30, 2020

မန္တလေးတက္ကသိုလ် ကျောင်းသားတွေသပိတ်မှောက်နေတာ  ရက်ပေါင်း ၁၅၀ ပြည့်တဲ့ ဒီကနေ့မှာ သပိတ်မှောက်နေတာကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်ခဲ့တဲ့ မန္ကလေးတက္တသိုလ်ကျောင်းသားထု အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ယာယီရပ်ဆိုင်းခဲ့တာလည်းဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်ကျောင်းဝင်းအတွင်း Food Court တည်ဆောက်တာနဲ့ ပတ်သက်လို့  မန္တလေးတက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ နိုင်ငံတော်သမ္မတညွှန်ကြားချက်ကို ချိုးဖောက်ခဲ့ပြီး ရင်းနှီးတဲ့လုပ်ငန်းရှင်တဦးကို လုပ်ပိုင်ခွင့် ချပေးခဲ့တာကြောင့် ကျောင်းသားတွေက သပိတ်မှောက်နေခဲ့ကြတာ ဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက် ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ကိုဝေယံထက်က “ ကျနော်တို့ မန္တလေးတက္ခသိုလ် ကျောင်းသားသပိတ် ဦးဆောင်ကော်မ တီအနေနဲ့ ဥပဒေချိုးဖောက်ခဲ့သူတွေအားလုံးကို အရေးယူပေးဖို့တောင်းဆိုတာပါ။ အခုဟာက ပါမောက္ခချုပ်ကိုတော့ အရေးယူပြီးသွားပြီ၊ ကျန်နေသေးတဲ့ မန္တလေးတက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ တာဝန်ရှိသူတွေကို အရေးယူတဲ့ အပိုင်းကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားလုပ်ပေးမယ်လို့တော့ ဒေါက်တာသိန်းဝင်းက ကတိပေးသွားတယ်။ ဒါကိုတော့ ကျနော်တို့ စောင့်ကြည့်ပြီးမှသာ သပိတ်ကိုလှန်ဖို့ မလှန်ဖို့ဆုံးဖြတ်သွားမယ်”လို့ ပြောပါတယ်။

 

နိုင်ငံတော်က ထုတ်ပြန်ထားတဲ့အမိန့် ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်းကို ဇန်နဝါရီ ၂၈ရက်က အငြိမ်းစားပေး အရေးယူခဲ့ပြီးလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024