Home
မြန်မာသတင်း
မြန်မာနိုင်ငံသားနှင့် တိုင်းရင်းသားဖြစ်ရေးကိစ္စ ဝင်ရောက်မစွက်ဖက်ဟု အမေရိကန်သံအမတ်ပြော 
စိုးမိုးအောင်
·
January 30, 2020
လူ့အဖွဲ့အစည်းတခုကို မြန်မာနိုင်ငံသား တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရေးနဲ့ ပတ်သက်လို့ အမေရိကန်က ဝင်ရောက်မစွက်ဖက်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်က ပြောပါတယ်။  အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်လို့ ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်မြို့ အမေရိကန်စင်တာမှာကျင်းပရာမှာ အမေရိကန်သံအမတ်ကြီးက အခုလို ပြောဆိုလိုက်တာပါ။ “သူတို့ကိုယ်သူတို့ ဘယ်လိုအခေါ်အဝေါ်နဲ့ခေါ်ခေါ် တခြားတခြားသော သူတို့ကို နာမည်ပေး ထားတဲ့ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးတော့ သူတို့ကို မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား အသိအမှတ်ပြုခြင်းကို ကျနော်တို့ ဝင်ရောက်မစွက်ဖက်ဘူး။ ကျနော်တို့ပြောနေတာက လူတယောက်ရသင့်တဲ့ အခြေခံအခွင့်အရေး၊ လူ့အခွင့်အရေးအကြောင်းပဲဖြစ်ပါတယ်”လို့ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်လ်က ပြောပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ နိုင်ငံတကာမှာ လူ့အခွင့်အရေးချိုးဖောက်မှုမဖြစ်ဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့က အလွန်အရေးကြီးတယ်လို့ခံယူထားတယ်လို့လည်း ဆိုပါတယ်။  မြန်မာနိုင်ငံဟာ ရခိုင်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ တင်းမာမှုရှိနေတယ် ဆိုတဲ့အမြင်မျိုး လူတွေကမြင်လာကြပေမယ့် သူ့အနေနဲ့တော့ အဲဒီလိုမမြင်ဘူးလို့လည်း သံအမတ်ကြီးက ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိပြီး ရိုဟင်ဂျာဆိုတဲ့လူမျိုးမရှိဘူးလို့ အစိုးရက တရားဝင်ငြင်းဆိုထားပေမယ့် သူတို့ကို တိုင်းရင်းသားအဖြစ်သတ်မှတ်ဖို့နဲ့ နို်ငငံသားဖြစ်ခွင့်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဖိအားပေးနေတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024