ကိုဖုန်းမော် ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပမည်
DVB
·
February 27, 2013
လာမယ့် မတ် ၁၃ ရက်နေ့ကျရင် “ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်ကျဆုံးခြင်းနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ အထိမ်းအမှတ်၊ အခမ်းအနားတရပ် ကျင်းပသွားမယ်လို့ စီစဉ်သူတဦးဖြစ်တဲ့ ကိုမြတ်လှိုင်းက ဒီဗွီဘီကို ပြောပါတယ်။
စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ဟာ ၁၉၈၈ အရေးအခင်းကာလအတွင်း မတ် ၁၃ ရက်နေ့မှာ မဆလ အစိုးရ လုံထိန်းတွေရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရပြီး အခုဆို ၂၅ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီ အခမ်းအနားမှာ ၀ါရင့်နိုင်ငံရေးသမားတွေက ဟောပြောတာ၊ မိသားစုဝင်တွေရဲ့ ခံစားချက်တွေ ထုတ်ဖော်တာ လုပ်မယ့်အပြင် အထိမ်းအမှတ် မဂ္ဂဇင်းတစောင် ထုတ်ဝေ သွားဖို့လည်း စီစဉ်ထားတယ်လို့ ကိုမြတ်လှိုင်းက ပြောပါတယ်။