ကာရာဘောင် ဆီမီး ဒုတိယအကျော့တွင် မန်ယူနိုက်တက်က မန်စီးတီးကို အနိုင်ရ (ရုပ်သံ)

1.3K
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ကာရာဘေင်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ မန်ချက်စတာယူနိုက်တက်က အဝေးကွင်းမှာ မန်စီးတီးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
မန်ယူနိုက်တက်အတွက် အနိုင်ဂိုးကို မာတစ်က သွင်းယူပါတယ်။ ဒီပွဲမှာ မန်စီးတီးက အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု သာပေမယ့် အပြန်အလှန် ထိုးဖောက် ကန်သွင်းခွင့်တွေ ရခဲ့ပါတယ်။
မန်ယူနိုက်တက်က မာတစ် ၇၆ မိနစ်မှာ အထုတ်ခံရပေမယ့် အနိုင်ရလဒ်ကို ထိန်းကစားနိုင်ခဲ့ပါတယ်။
ပထမအကျော့မှာတုန်းက မန်စီးတီးက ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ထားတဲ့အတွက် ၂ ပွဲပေါင်း ရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ မန်စီးတီးက ကာရာပေါင်ဖလား ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
မန်စီးတီးဟာ ကာရာဘောင်ဖလား ဗိုလ်လုပွဲကို ၃ နှစ်ဆက်တိုက် တက်ရောက်နိုင်တာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာနဲ့ ဆုံရမှာပါ။