စီးရီးအေကလပ် အင်တာမီလန်အသင်းက ဒိန်းမတ် ကွင်းလယ်သမား အဲရစ်ဆန်ကို ပေါင် ၁၇ သန်းဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူနိုင်လိုက်ပြီ ဖြစ်ပါတယ်။
အင်တာမီလန်ဟာ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်သမား အဲရစ်ဆန်ကို စပါးအသင်းကနေ ၄ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူထားတာပါ။
နည်းပြကွန်တီရဲ့ အင်တာမီလန်ဟာ ဒီနှစ်ရာသီထဲမှာ တိုက်စစ်မှူး လူကာကူ၊ ဆန်းချက်ဇ်တို့လို နာမည်ကြီး ကစားသမားတွေကို ခေါ်ယူထားပါတယ်။
ကွင်းလယ်သမား အဲရစ်ဆန်ဟာ စပါးကို ၂၀၁၃ မှာ ရောက်ရှိကာ အသင်းအတွက် ဂိုးပေါင်း ၅၁ ဂိုး သွင်းယူပေးထားပြီး အသင်းဖော်တွေအတွက် ၆၂ ဂိုးရအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။