Home
မြန်မာသတင်း
Mytel အရာရှိနှင့် ယာဉ်မောင်းတို့ကို အေအေ ပြန်လွှတ်ပေး
ဝဏ္ဏခွာညို
·
January 29, 2020
ရက္ခိုင့်တပ်တော်(အေအေ)က ဖမ်းဆီးထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Mytel ဆက်သွယ်ရေးလုပ်ငန်းက ပြည်နယ်ဆက်သွယ်ရေးဆိုင်ရာညွှန်ကြားရေးမှူနဲ့ သူရဲ့ ယာဉ်မောင်း တဦးတို့ကို ဇန်နဝါရီ ၂၉ ရက်မနက်က ပြန်လွှတ်ပေးလိုက်ပါတယ်။ စစ်တွေမြို့အခြေစိုက် Mytel ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်နယ် ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နဲ့ ယာဉ်မောင်း ဦးစိုးသိန်းမောင်တို့ကို ပေါက်တောမြို့နယ်၊ မနောသီရီကျေးရွာကနေ လွှတ်ပေးလိုက်တာလို့ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးဟာ ၂၀၁၉ ဒီဇင်ဘာ ၂၃ ရက်နေ့က ညမထွက်ရဧရိယာမှာ ခရီးသွားနေတဲ့အတွက် မသင်္ကာလို့ စစ်ရေးလိုအပ်ချက်အရ ရက္ခိုင့်တပ်တော် အေအေကနေ ခေါ်ယူစစ်ဆေးခဲ့တာလို့လည်း ခိုင်သုခကပြောပါတယ်။ သူတို့နှစ်ဦးကိုအရင်ကတည်းက ပြန်လွှတ်ပေးချင်ပေမယ့် တိုက်ပွဲတွေပြင်းထန်နေတာ၊ တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြန်လွှတ်ပေးဖို့ ကြန့်ကြာနေခဲ့တာလို့လည်းဆိုပါတယ်။ သူတို့နှစ်ယောက်ကိုဖမ်းဆီးထားတာ အခုဆိုရင် ၁ လနဲ့ ၆ ရက်ရှိဖြစ်ပြီး အန်အယ်လ်ဒီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးဝှေ့တင်းကို လွှတ်ပေးပြီးနောက် ဒုတိယအသုတ်အနေနဲ့ အေအေက ပြန်လွှတ်ပေးလိုက်တာပါ။ ဇန်နဝါရီ ၂၈ ရက်ကလည်း တိုက်ပွဲအတွင်းမှာဖမ်းဆီးရမိထားတဲ့ တပ်ကြပ်အဆင့်ရှိ တပ်မတော်သား စစ်သုံ့ပန်း ၂ ဦးကို အေအေက ပြန်လွှတ်ပေးလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024