တရုတ်နိုင်ငံရှိ နိုင်ငံခြားသားများ ပြောင်းရွှေ့ရန် မလိုအပ်ဟု WHO အကြီးအကဲပြော

www.wsj.com
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရိုအက်ဒေါနမ် ဂက်ဘရေအီးဆပ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဇန်နဝါရီ ၂၈ ရက်က သွားရောက် တွေ့ဆုံခဲ့ပါတယ်။ WHO အကြီးအကဲ ဂက်ဘရေအီးဆပ်က  တရုတ်နိုင်ငံမှာ ရှိနေတဲ့ နိုင်ငံခြားသားတွေကို ပြောင်းရွှေ့ဖို့ လိုမယ်မထင်ဘူး ပြောခဲ့ပါတယ်။ နိုင်ငံအတော်အများများက သူတို့နိုင်ငံသားတွေကို တရုတ်နိင်ငံကနေ ပြန်ခေါ်မယ်ဆိုပြီး ပြောထားပါတယ်။ အမေရိကန် ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေ လိုက်ပါလာတဲ့ စင်းလုံးဌားလေယာဉ်ဟာ ဇန်နဝါရီ ၂၉ ရက်မှာ ဝူဟန်မြို့ကနေ ထွက်ခွာမယ်လို့ ပေကျင်းရှိ အမေရိကန်သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။ အိန္ဒိယအစိုးရကလည်း ဟူဘေးပြည်နယ်ရှိ အိန္ဒိယနိုင်ငံသားတွေကို ပြန်ခေါ်ဖို့ စီစဉ်နေတယ်ဆိုပြီး ပြောခဲ့ပါတယ်။ နိုင်ငံတော်ကောင်စီဝင် ဝမ်ယီနဲ့ တွေ့ဆုံချိန်မှာ WHO အကြီးအကဲ ဂက်ဘရေအီးဆပ်က တရုတ်အစိုးရရဲ့ ရောဂါထိန်းချုပ်ရေး အစီအမံတွေကို သဘောတူခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ သီးခြားကျွမ်းကျင်သူ ၁၆ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနဲ့ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန်ဖို့ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း  နှစ်ကြိမ်တိတိ ငြင်းဆန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up