Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင် တရားမဝင်သစ် ၅ တန်ကျော်နှင့် သစ်ခွဲစက်ဖမ်းမိ
DVB
·
January 29, 2020
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ကြွယ်ကန်ရွာမှာ ဇန်နဝါရီ ၂၈ ရက်မနက်က တရားမဝင်သစ် ၅ တန်ကျော်နဲ့ သစ်ခွဲစက် ၁ လုံး ဖမ်းမိတယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။ မြို့နယ်သစ်တောဦးစီးမှူးဦးအောင်ထွန်းက “လက်ပံ၊ ထောက်ကြန့်စတဲ့ တခြားသစ်တွေ ဖမ်းမိပါတယ်။ လူနေအိမ်ဝင်းထဲက ၃ တန်ကျော်နဲ့ သစ်ခွဲစက် ၁ လုံး ရွာမြောက်ဘက် လယ်ကွင်း ထဲမှာ ပိုင်ရှင်မဲ့အနေနဲ့ အခြားသားသစ် ၂ တန်ကျော် ဖမ်းမိတယ်။ ၂၀၁၈ ခုနှစ်က ထုတ်ပြန်ထားတဲ့ သစ်တောဥပဒေနဲ့ အရေးယူမှာပါ" လို့ ပြောပါတယ်။ သစ်တောဦးစီးဌာန၊ ရဲတပ်ဖွဲ့နဲ့ ရပ်ရွာလူကြီးတွေပါတဲ့ ပူးပေါင်းအဖွဲ့က အခြားသားသစ် ၅ တန်ကျော်နဲ့ သစ်ခွဲစက် ၁လုံးကို ဖမ်းဆီးမိခဲ့ပါတယ်။ ကြွယ်ကန်ရွာနေ ဦးကြည်သင်း(၆၂နှစ်) နေအိမ်ဝင်းထဲက သစ်ခွဲစက် ၁ လုံးနဲ့ အခြားသားသစ် ၃ တန်ကျော် ဖမ်းမိပြီး သတင်းအရ ကြွယ်ကန်ရွာ မြောက်ဘက် လယ်ကွင်းထဲက အခြားသားသစ် ၂ တန်ကျော်ကို ပိုင်ရှင်မဲ့ ဖမ်းမိခဲ့ပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းမှာ ဦးကြည်သင်းကို သစ်တောဦးစီးဌာနက တရားလိုပြုလုပ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ၂ နှစ်အထိချမှတ်နိုင်တဲ့ တရားမဝင် အခြားသားသစ် လက်ဝယ်ထားရှိခြင်း သစ်တော ဥပဒေပုဒ်မ ၄၁(က)နဲ့ အမြင့်ဆုံးပြစ်ဒဏ် ၇နှစ်အထိရှိတဲ့ တရားမဝင်သစ်ခွဲစက်ရှိခြင်း  သစ်တောဥပဒေပုဒ်မ ၄၂(ခ) တို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024