Home
မြန်မာသတင်း
အာဆာအကြမ်းဖက်အဖွဲ့၏ မီးရှို့ခံခဲ့ရသည့် နံသာတောင်ကျေးရွာကို ရိက္ခာများထောက်ပံ့
DVB
·
January 28, 2020
အာဆာ အကြမ်းဖက်အဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့အနီးရှိ ရခိုင်တိုင်းရင်းသားတွေနေထိုင်တဲ့ နံသာတောင်ကျေးရွာရှိ မိသားစုဝင်တွေကို ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH)က မနေ့က စားနပ်ရိက္ခာ သွားရောက်ထောက်ပံ့ ပါတယ်။ "အမှန်တကယ် အကူအညီလိုအပ်တဲ့ ကျေးရွာဖြစ်တယ်။ ရွာသူ/သားတွေမှာ အလုပ်အကိုင်လည်း ရှိကြသေးဘူး။ ဒါကြောင့် ပထမဆုံးအနေနဲ့ ကူညီထောက်ပံ့ရတာ "လို့ CDNHအဖွဲ့ တာဝန်ရှိသူ ဦးအောင်ကျော်မိုးက ပြောပါတယ်။ CDNH အဖွဲ့က နံသာတောင်ကျေးရွာမှာ လက်ရှိနေထိုင်တဲ့ ရွာသား ၁၂၄ ဦးအတွက် တဦးကို ဆန် ၁၀ ပြည် ၊ ဆီ ၁ ဘူး၊ ငါးခြောက် ၁ ပိဿာ၊ အာလူး ၃၀ သား၊ ကြက်သွန် ၃၀ သား၊ ငရုပ်သီး ၁၅ ကျပ်သား၊ ထင်း ၁၀ ချောင်းစီ ကူညီထောက်ပံ့ခဲ့ပါတယ်။ နံသာတောင်ကျေးရွာဟာ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်အတွင်း အာဆာ အကြမ်းဖက်အဖွဲ့ရဲ့ မီးရှိုခံခဲ့ရပြီးနောက် ကျေးရွာသူ/သား တွေဟာ မောင်တောမြို့ပေါ်နဲ့ ဆွေမျိုးတွေရှိရာ ကျေးရွာတွေမှာယာယီခိုလှုံနေထိုင်ခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ရက်နေ့မှာ အိန္ဒိယအစိုးရက ဆောက်လုပ်လှူဒါန်းပေးတဲ့ နေအိမ် ၄၂ အိမ်မှာ ပြန်လည်နေထိုင်ကာ အရင်က လုပ်ကိုင်ခဲ့ကြတဲ့ ပုစွန်ကန် တာတမန်တွေ ပေါက်နေတာကြောင့် ဖားရှာငါးရှာအလုပ်တွေ လုပ်ကိုင်နေရပြီး စားဝတ်နေရေးအခက်အခဲကြုံ နေကြပါတယ်။ ကောင်းကောင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024