Homeမြန်မာသတင်း
မကွေးတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး စောင့်ကြည့်နေဟု ဝန်ကြီးချုပ်ပြော
မကွေးတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး စောင့်ကြည့်နေဟု ဝန်ကြီးချုပ်ပြော
DVB
·
January 27, 2020
မကွေးတိုင်းအတွင်းကို ဝင်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံ ပြန်လာတဲ့ လုပ်သားတွေရဲ့ ကျန်းမာရေး အခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ မကွေးတိုင်းဝန်ကြီးချုပ်က ဇန်နဝါရီ ၂၇ ရက်နေ့က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တာလို့ ဝန်ကြီးချုပ်က ပြောပါတယ်။
လွန်ခဲ့တဲ့ ၅ ရက်လောက်က ကူးစက်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ ဂူဟန်မြို့က လုပ်ငန်းရှင်တဦး မကွေးတိုင်းအတွင်း ဝင်ရောက်မှုရှိခဲ့တဲ့အတွက် အဲဒီလုပ်ငန်းရှင်းရဲ့ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ တရုတ်ပြည်ကနေပြန်လာမယ့် မြန်မာလုပ်သား ၁၇၀ နီးပါးမှာ မကွေးတိုင်းအတွင်းက ၆ ယောက်ပါတဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးအခြေအနေတွေကိုလည်း သေချာစောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
တရုတ်ပြည် ဂူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနဲ့ပတ်သက်ပြီး ကျယ်ပြန့်မှုတွေရှိလာတာကြောင့် တိုင်းအတွင်းမှာလည်း လေ့လာစောင့်ကြည့်မှုတွေပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ရောဂါနဲ့ပတ်သက်လို့ သံသယဖြစ်စရာ မတွေ့ရှိသေးတဲ့အတွက် ကာကွယ်မှုတွေ အနေနဲ့တော့ ထူးထူးခြားခြားပြင်ဆင် ဆောင်ရွက်ဖို့မရှိသေးဘူးလို့ဆိုပါတယ်။
လာမယ့် ၂၉ ရက်နေ့က စတင်ကျင်းပမယ့် ရွှေစက်တော်ပွဲတော်မှာလည်း ဆေးဝါးအပြည့်အစုံနဲ့ ၂၄ နာရီကုသနိင်ဖို့ ဆရာဝန်တွေကို တာဝန်ပေးထားပါတယ်လို့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
တင်ရွှေ (မင်းဘူး)
ကိုရိုနာ ဗိုင်းရပ်စ် သတင်းများ အချိန်နှင့်တပြေးညီ စုစည်းတင်ဆက်မှု
LIVE Updates: ==> http://burmese.dvb.no/archives/368575