Homeမြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာပြည်ကိုလာလည်မည့် နိုင်ငံခြားသားများ ခရီးစဉ်ဖျက်သိမ်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာပြည်ကိုလာလည်မည့် နိုင်ငံခြားသားများ ခရီးစဉ်ဖျက်သိမ်း
သူဇာလင်း
·
January 27, 2020
တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် နိုင်ငံခြားခရီးသွားတွေက မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့် ခရီးစဉ်တွေ ဖျက်သိမ်းတာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
လက်ရှိမှာ ခရီးစဉ် ဘယ်လောက် ဖျက်သိမ်းတယ်။ ဘယ်နိုင်ငံတွေက ခရီးသွားတွေဆိုတာကို အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ခရီးသွားဝန်ဆောင်မှုလုပ်ဆောင်နေတဲ့ နန္ဒဝင်းခရီးသွားကုမ္ပဏီရဲ့ ဦးနန္ဒဝင်းကတော့ ခရီးစဉ်တွေကို လုံးဝဖျက်သိမ်းတာမျိုးမဟုတ်ဘဲ အုပ်စုလိုက် လာရောက်တဲ့ ခရီးစဉ်တွေမှာ ခရီးသွားတွေက တဝက်လောက်ပဲ ရောက်လာကြပြီး ၂၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတယ်လို့ ပြောပါတယ်။
လက်ရှိမှာလျှော့နည်းသွားတဲ့ ခရီးသွားတွေကတော့ ထိုင်းနဲ့ စင်ကာပူနိူင်ငံတွေကဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်နေ့လောက်ကတည်းက စပြီး မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းနေတာတွေကို လုပ်ဆောင်လာတာဖြစ်တယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်း ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ တိုင်းကျန်းမာရေးဦးစီးဌာနတို့ ကလည်း 2019-nCoV အဆုတ်ရောင်ရောဂါနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲကို တိုင်းကျန်းမာရေးဦးစီးဌာနမှာ ကျင်းပနေပါတယ်။