ဖျာပုံခရိုင်အတွင်းရှိ ဆရာနှင့်ကျောင်းသားများအတွက် ပစ္စည်း ၂၉ မျိုးလှူဒါန်း
DVB
·
January 27, 2020
ရန်ကုန်တိုင်း၊ ငါးထပ်ကြီးရပ်ကွက်၊ နန္ဒာအောင်မြေကျောင်းတိုက်က ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနိမလ ဦးဆောင်ကာ အလှူရှင်တွေစုပေါင်းပြီး ဖျာပုံခရိုင်အတွင်းရှိ ကျောင်းပေါင်း ၂၉ ကျောင်းမှ ဆရာ/ဆရာမတွေနဲ့ ကျောင်းသား/ကျောင်းသူတွေကို ပစ္စည်း ၂၉ မျိုး မနေ့က လှူဒါန်းခဲ့ပါတယ်။
ဒါ့အပြင် သံဃာတော်တွေ၊ အဘိုးအဘွားတွေကို ပစ္စည်းနဲ့ ငွေကျပ်သိန်းပေါင်း ၆၀၀ ကျော်လှူဒါန်းတာကို ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက ဒေးဒရဲမြို့နယ်၊ ထိုင်ကူမြစ်တန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့တာပါ။
အခမ်းအနားကို အမျိုးသားလွှတ်ကိုယ်စားလှယ် ဦးသိမ်းဆွေ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်နဲ့ မြို့နယ် ဌာနဆိုင်ရာတွေ၊ ဆရာ/ဆရာမတွေ၊ ကျောင်းသား/ကျောင်းသူတွေနဲ့ အလှူရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
သတင်း- ကျော်စိုးမိုး