Home
မြန်မာသတင်း
ငြိမ်းချမ်းရေးတွင် အမျိုးသမီးများပိုမိုပါဝင်နိုင်ရေး အမျိုးသမီးများကိုယ်တိုင်ယုံကြည်မှုရှိရန်လို  
DVB
·
January 27, 2020
ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ဖို့ အမျိုးသမီးတွေ ကိုယ်တိုင်က မိမိကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ လိုသလို မိသားစု အသိုင်းအဝိုင်းတွေကလည်း အားပေးပံ့ပိုးဖို့လိုတယ်လို့  သိန္နီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ပြောပါတယ်။ ငြိမ်းချမ်းရေးမှာ အမျိုးသမီးအသံပိုမိုပါဝင်လာဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲ ဇန်နဝါရီ ၂၆ ရက်က တောင်ကြီးမြို့မှာ ပထမဆုံးအကြိမ်  ပြုလုပ်ခဲ့ရာမှာ ပြောကြားခဲ့တာပါ။  လွှတ်တော်ကိုယ်စားလှယ်၊ အရပ်ဘက်အဖွဲ့အစည်းနဲ့မီဒီယာတွေ ချိတ်ဆက်မှု အားကောင်းကောင်နဲ့ငြိမ်းချမ်းရေးမှာအမျိုးသမီးတွေပါဝင်လာဖို့ ဘယ်လို လုပ်ဆောင်နိုင်မလဲ ဆိုတာကို ဆွေးနွေးခဲ့ကြတာလို့  WAPAN ကွန်ရက် ဒါရိုက်တာ ဒေါ်သန္တာဦးက ပြောပါတယ်။ ဒီဆွေးနွေးပွဲဟာ ကဏ္ဍအသီးသီးက အခက်ခဲတွေဝေမျှပေးနိုင်သလို မီဒီယာအနေနဲ့ အမျိုးသမီးအတွက်မူဝါဒချမှတ်ပေးဖို့နဲ့ အမျိုးသမီးအသံတွေကို များများ ဖော်ထုတ် ပေးဖို့လိုတယ်လို့ တောင်ကြီးသတင်းထောက်အသင်း အလုပ်အမှုဆောင် ရှမ်းမလေးက ပြောပါတယ်။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့မဆက်နိုင်တဲ့ အကြောင်းရင်းထဲမှာ အမျိုးသမီး ပါဝင်မှုနည်းပါးမှုလည်း တစ်ခုပါဝင်တယ်လို့ ဆွေးနွေးကြတာလည်းရှိပါတယ်။ ဒါ့အပြင် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ မီဒီယာ ကဏ္ဍအသီးသီးမှာ အမျိုးသမီး တွေပါဝင်လာဖို့ အခွင့်အလမ်းနည်းပါးတာတွေရှိနေသေးတယ်လို့ ပြောဆိုဆွေးနွေးကြပါတယ်။  လက်ရှိငြိမ်းချမ်းရေးမှာ အမျိုးသမီးအသံပိုမိုပါဝင်လာဖို့ စိန်ခေါ်မှု အမျိုးမျိုးရှိနေပြီး အမျိုးသမီး ပါဝင်ဖို့အခွင့်အရေးတွေပေးဖို့လည်း လိုအပ်နေတယ်လို့ ဆွေးနွေးပွဲက သိရပါတယ်။ ဆွေးနွေးပွဲမှာကဏ္ဍအမျိုးမျိုးဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နဲ့ တောင်ကြီး သတင်းထောက်အသင်းတို့က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ သတင်း- ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024