မြစ်ကြီးနားက လူငယ်များ တနင်္ဂနွေနေ့တိုင်း အမှိုက်များရှင်းပေး (ဓာတ်ပုံ)
DVB
·
January 26, 2020
မြစ်ကြီးနားမြို့၊ အနောက်လယ်ကုန်း ရပ်ကွက်လေးမှာ ကျောင်းသားအရွယ် လူငယ် ၂၅ ယောက်ဟာ တပတ်မှာ တနင်္ဂနွေနေ့ တရက် ချုံတွေနဲ့ အမှိုက်တွေ လိုက်ရှင်းပေးနေကြပါတယ်။
အခုလို လုပ်နေတာ တနှစ်ရှိပြီဖြစ်ပြီး အမှိုက်ရှင်းတာတင်မက ရပ်ကွက်ထဲက နွမ်းပါးတဲ့ ကျောင်းသားကလေးသူငယ်တွေအတွက် စာအုပ်လှူဒါန်းတာမျိုး ပရဟိတလုပ်ငန်းတွေလည်း လုပ်ကြတယ်လို့ လူငယ်တွေက ပြောပါတယ်။
အဲဒီအတွက် လိုအပ်တဲ့ ငွေကြေး အကူအညီကိုတော့ ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အစ်ကို၊ အစ်မ သူငယ်ချင်းတွေက လှူဒါန်းပေးနေကြတာလို့ သိရပါတယ်။
Photo - Yan Aung Htun / MPA