မိုးကောင်းမြို့တွင် အင်အား ၃.၉ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
January 26, 2020
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မနေ့ညနေပိုင်းက အင်အား ၃.၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၅ နာရီ၊ ၅၂ မိနစ်၊ ၂၈ စက္ကန့် အချိန်က မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင် ၆၀ လောက် ကွာဝေးတဲ့ မိုးကောင်းမြို့ရဲ့ အနောက်ဘက် ၂၄ မိုင်ခန့် အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၂၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၅၄ ဒီဂရီ၊ အနက် ၃၇ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။