ပြင်ဦးလွင်မြို့တွင် အင်အား ၄.၁ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
January 25, 2020
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ဒီနောက် မနက်အစောပိုင်းက အင်အား ၄.၁ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၁ နာရီ၊ ၅၀ မိနစ်၊ ၂၂ စက္ကန့် အချိန်က မန္တလေးမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် ၅၅ မိုင် ခန့်ကွာဝေးတဲ့ ပြင်ဦးလွင်မြို့ရဲ့ အရှေ့တောင်ဘက် ၃၅ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၁.၇၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၉၁ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။