Home
မြန်မာသတင်း
ရေးမြို့တွင် ကျပ်သန်း ၆၀၀ ခန့်အသုံးပြု၍ ကျေးရွာချင်းဆက် လမ်းတံတားများ တည်ဆောက်
DVB
·
January 25, 2020
၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွင်း မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာ၊ ငါးကလေးချောင်း၊ လိပ်ပုတ်၊ မင်းလှအေး၊ ကျေးရွာချင်းဆက်လမ်းကို ကျပ်သန်းပေါင်း ၆၀၀ လောက် အကုန်အကျခံ တည်ဆောက်သွားမယ်လို့ မြို့နယ် န.တ.လ တာဝန်ရှိသူက ပြောပါတယ်။  အဆိုပါ လမ်းတံတားတွေကို နယ်စပ်ရေးရာဝန်ကြီးဌာန မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ UNDP တို့ ပူးပေါင်းဆောင်ရွက် တည်ဆောက်သွားမှာပါ။ ကျေးရွာချင်းဆက်လမ်း ပေအရှည် ၇ မိုင် ၄ ဖာလုံရှိတဲ့အထဲက ကတ္တရာလမ်းပိုင်း ၂ မိုင် ၂ ဖာလုံ၊ မြေသားလမ်း ၃ မိုင်၊ ကွန်ကရစ် တံတားပေ ၈ဝ တံတား ၁ စင်း၊ ပေ ၄ဝ တံတား ၁ စင်း၊ ဆိုင်ကယ် ၁ စီးသာသွားလို့ရတဲ့ ကွန်ကရစ်လမ်း ပေ ၄၀၀၀ ကို တင်ဒါ အောင်မြင်ထားခဲ့တဲ့ ကုမ္ပဏီက ဇန်နဝါရီလကုန်ရက်ကနေ စက်တင်ဘာလအထိအပြီး ဖောက်လုပ်သွားရမှာပါ။  အဲဒီကျေးရွာချင်းဆက်လမ်းကို ရွာပေါင်း ၉ ရွာက အိမ်ခြေ ၁၃၀၀ ကျော်မှာ လူဦးရေ ၇၀၀၀ ကျော်  မှီတင်းသွားလာနိုင်တော့မှာ ဖြစ်ပါတယ်။  လာမယ့် ၂၀၂၀-၂၀၂၁ ခုနှစ်မှာလည်း နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ရန်ပုံငွေနဲ့ ကတ္တရာလမ်း ၂ မိုင်နဲ့ ပေ ၈ဝ ကွန်ကရစ်တံတား ၁ စင်း ထပ်မံဖောက်လုပ်ဖို့ လျာထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024