ဂျူးဆန့်ကျင့်ရေးဝါဒ တကျော့ပြန် မဖြစ်ရေး ကမ္ဘာ့ခေါင်းဆောင်များ သတိပေး

ဂျူးဆန့်ကျင်ရေးဝါဒ တကျော့ပြန်ဖြစ်မလာစေဖို့အတွက်  နာဇီအော့ဇ်ဝဇ်စ် လူသတ်အကျဉ်းစခန်းက လွတ်မြောက်ခြင်း ၇၅ နှစ်ပြည့်အခမ်းအနားမှာ ကမ္ဘာ့ခေါင်းဆောင်တွေက   သတိပေးလိုက်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်က  အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့မှာကျင်းပတဲ့ ဟိုလိုကော့စ် အောက်မေ့ဘွယ်နေ့အခမ်းအနားကို ကမ္ဘာ့ခေါင်းဆောင်  ၄၀ကျော် တက်ရောက်ခဲ့ ပါတယ်။   အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုနဲ့ အမေရိကန် ဒုသမ္မတမိုက်ပန့်စ်တို့က အီရန်ဟာ ဂျူးဆန့်ကျင်ရေးဝါဒရှိပြီး အစ္စရေးနိုင်ငံ ပျက်စီးရာပျက်စီးကြောင်း ကြိုးပမ်းနေတယ်လို့ စွပ်စွဲ ပြောခဲ့ပါတယ်။  အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက “ဂျူးလူမျိုးတွေဟာ ဟိုလိုကော့စ်ဖြစ်ရပ်ကနေ ပျက်စီးရာ ပျက်စီးကြောင်းကြံသူတွေရဲ့ ခြိမ်းခြောက်တာတွေကို အမြဲသတိထားပြီး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အမြဲစွမ်းအားရှိတယ်ဆိုတဲ့ သင်ခန်းစာကိုရရှိထားတယ်”လို့ ပြောပါတယ်။ ဒီအခမ်းအနားကို တက်ရောက်တဲ့ ဂျာမနီသမ္မတ ဖရန့်ဝေါ်တ-စတိန်မဲရာက လူသားသမိုင်းမှာ ဂျာမန်တွေ ကျူးလွန်ခဲ့တဲ့အဆိုးရွားဆုံးပြစ်မှုအတွက် အလွန်အမင်း ဝမ်းနည်းပါတယ်လို့ ဦးညွှတ်ပြောကြားခဲ့တယ်လို့ ရိုက်တာ သတင်းမှာဖော်ပြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်ကို နာဇီဂျာမန်တွေ သိမ်းပိုက်စဉ်တုန်းက နာဇီအော့ဇ်ဝဇ်စ် လူသတ်အကျဉ်းစခန်းမှာ ဂျူးလူမျိုးအများစုအပါအဝင် လူပေါင်း တစ်သန်းကျော် သတ်ဖြတ်ခံခဲ့ရ ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up