A d v e r t i s e m e n t With Us

ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်မှု ကမ္ဘာ့အရေးပေါ်အခြေအနေ ဖြစ်၊ မဖြစ် WHO ဆုံးဖြတ်မည်

Reuters
တရုတ်နိုင်ငံကနေ ကမ္ဘာ့နိုင်ငံတချို့ဆီ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာမလားဆိုတာ ဇန်နဝါရီ ၂၃ရက် ဒီကနေ့  ဆုံးဖြတ် မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ပြောလိုက်ပါတယ်။ WHO ရုံးစိုက်ရာ ဂျီနီဗာမြို့မှာ တရက်ကြာ အစည်းအဝေးကျင်းပအပြီး ဇန်နဝါရီ ၂၂ရက်မှာ ညွှန်ကြားရေးမှူးချုပ်က ခုလို ပြောလိုက်တာပါ။ တကယ်လို့ ကြေညာဖြစ်ခဲ့ရင် ဆယ်စုနှစ်အတွင်း ၆ ကြိမ်မြောက် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာချက် ဖြစ်လာမှာပါ၊  ခုချိန်မှာ ထိပ်တန်းဦးစားပေးက လူတွေအကြားမှာ ဗိုင်းရပ်စ်က ဘယ်လို ကူးတာလဲ ဆိုတဲ့ အရင်းအမြစ်ကို ရှာဖို့ပဲလို့ (WHO)ရဲ့ အရေးပေါ်အစီအစဉ် အကြီးအကဲ မိုက်ကယ် ရိုင်ယန်က ပြောပါတယ်။ အရင်က မသိခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ် မျိုးစိတ်သစ်ဟာ ဝူဟန်မြို့က တိရစ္ဆာန် ဈေးကနေ စတင်ကူးစက်တယ်လို့ ယုံကြည်ထားပါတယ်။ ခုတော့ ကူးစက်မှုဟာ အာရှနိုင်ငံတွေအပြင် အမေရိကန်ထိ ရောက်နေတာ တွေ့ရှိထားပါတယ်။ ဝူဟန်မြို့ကို အသွားအလာ အဝင်အထွက် ပိတ်ချလိုက်တဲ့ လုပ်ဆောင်ချက်ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာကိုပါ ကူးစက်မယ့်ဘေးကို ကန့်သတ် လျှော့ချလိုက်တဲ့ လုပ်ရပ်ပဲ လို့ (WHO) ညွှန်ချုပ်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up