စပါးအသင်း တောင်ပံကစားသမားဟောင်းကို ပေါင် ၂၅ သန်းဖြင့် ပြန်ခေါ်မည်

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အသင်းရဲ့တောင်ပံကစားသမားဟောင်း ဂါရက်ဘေးလ်ကို ရီးရဲလ်အသင်းကနေ ပေါင် ၂၅ သန်းနဲ့ ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဘေးလ်ဟာ လာလီဂါထိပ်သီး ရီးရဲလ်ကို ၂၀၁၃ ခုနှစ်က စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး လာမယ့် ၂၀၂၂ ခုနှစ်မှာမှ စာချုပ်သက်တမ်းကုန် ဆုံးမယ့် ကစားသမားလည်း ဖြစ်ပါတယ်။ စပိန်သတင်းစာတစောင်ဖြစ်တဲ့ အဲလ်ချီရင်ဂိုင်တိုမှာ ဖော်ပြချက်အရဆိုရင်တော့ စပါးနည်းပြ ဟိုဆေးမော်ရင်ဟိုဟာ အသက် ၃၀ အရွယ်ရှိတဲ့ ဂါရက်ဘေးလ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဘေးလ်ရဲ့အေးဂျင့်ဖြစ်သူ ဘားနက်ကလည်း ဘေးလ်ဟာ ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်ပြီး အပြောင်းအရွှေ့ဟာ အငှားနဲ့ ရောက်ရှိဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။ ဂါရက်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ မော်ရင်ဟိုနဲ့ လက်တွဲခဲ့ဖူးပြီး ဆုဖလားအောင်မြင်မှုတွေ ရယူခဲ့ဖူးပါတယ်။ စပါးအသင်းမှာ ဂါရက်ဘေးလ်ဟာ ၂၀၃ ပွဲကစားပြီး ၅၆ ဂိုးသွင်းယူကာ ၅၈ ကြိမ်ထိ ဂိုးဖန်တီးမှုပြုလုပ်ပေးထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up