ဒေါ်အောင်ဆန်းစုကြည် တမူးမြို့သို့ ရောက်ရှိ (ဓာတ်ပုံ)
Aung Ko Latt
·
January 23, 2020
အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုအဆင့်ဝန်ကြီးတချို့နဲ့အတူ ဒီနေ့ မနက်ပိုင်းက ရောက်ရှိလာ ပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကို တမူးဒေသခံတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး ဒီနေ့ မနက် ၁၀ နာရီအချိန်မှာ တမူးမြို့ စက်ရောင်ဘီလူးခန်းမမှာ ပြည်သူလူထုနဲ့ တွေ့ဆုံနေပါတယ်။