Home
မြန်မာသတင်း
တပ်မတော်က တရားစွဲထားသည့် ရှေ့နေဦးကြီးမြင့်နှင့် ကဗျာဆရာစောဝေတို့ကို ဝရမ်းထုတ်
DVB
·
January 23, 2020
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်နဲ့ ကဗျာဆရာစောဝေတို့ကို ကော့သောင်းမြို့နယ်တရားရုံးက ဝရမ်းထုတ်လိုက် ပါတယ်။  ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ဥက္ကဋ္ဌ ဖြစ်သူ ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာစောဝေနဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ကို တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေတယ်ဆိုပြီး  နိုင်ငံတော် အကြည်ညှိပျက်စေမှုပုဒ်မ ၅၀၅(က) နဲ့ ကော့သောင်းမြို့နယ် တရားရုံးမှာ ဒုဗိုလ်မှူးကြီး ဇော်ဇော်က တရားစွဲဆိုထားတာပါ။  ပြီးခဲ့တဲ့ ရုံးချိန်းကို တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ကဗျာဆရာစောဝေတို့ မတက်ရောက်ခဲ့တာကြောင့် ဝရမ်းထုတ်တာလို့ သိရပါတယ်။  ရဲတပ်ဖွဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေ (၂၀၂)အရ မစစ်ဆေးရသေးတာမို့ စစ်ဆေးပေးဖို့စာတင်ထား တဲ့အတွက် ရုံးချိန်းမတက်ရောက်ဖြစ်တာဖြစ်ပြီး တရားရုံးက နားလည်မှုလွဲမှားကာ ဝရမ်းထုတ် လိုက်တာလို့ ယူဆကြောင်း ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။  လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ချိန်းဆိုထားတဲ့ ရုံးချိန်းကို တက်ရောက်မယ်ဆိုတဲ့ အကြောင်းတရားရုံးကို ဒီနေ့ပဲ စာပေးပို့သွားမှာဖြစ်တာကြောင့် ဝရမ်းကို အတည်ပြုစရာ မလိုတော့ဘူး လို့လည်း ဆက်လက်ပြောပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024