စစ်ကိုင်းတိုင်း မုံရွာခရိုင် တုံရွာအနီးရှိ လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းရေးနဲ့ မီးလောင်ဗုံးတရားခံတွေကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးဖို့ ဒေသခံတွေ မနေ့က ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။
ဆည်တည်း၊ မိုးကြိုးပြင်၊ ရွှေလှေ၊ တုံ၊ ဇီးတော၊ လယ်တီ အစရှိတဲ့ ကျေးရွာ ဒေသခံ တောင်သူလယ်သမားတွေဟာ ညောင်ပင်ကြီးဆိပ်ကမ်းကနေပြီး သပိတ်ဖြိုခွင်းရာမှာ အသုံးပြုခဲ့တဲ့ မီးလောင်ဗုံး ပုံသဏ္ဌာန်တွေကို ချင်းတွင်းမြစ်အတွင်း မျှောချပြီး ဆန္ဒဖော်ထုတ် ခဲ့ကြပါတယ်။
(သတင်းဓာတ်ပုံ - တင်မာဆွေ)
Read more