၁၆ နှစ်အရွယ် ဘာမင်ဂမ် ကွင်းလယ်ကစားသမားကို ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူရန် မန်ယူ ပြင်ဆင်

ဘာမင်ဂမ်အသင်းရဲ့ အသက် ၁၆ နှစ်အရွယ် ကွင်းလယ်ကစားသမားလေး ဂျူဒ့်ဘယ်လင်ဂမ်အတွက် ပေါင်သန်း ၃၀ ထိပေးပြီး ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းက ပြင်ဆင်နေပါတယ်။ အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန် အစရှိတဲ့ အသင်းတွေရဲ့ စိတ်၀င်စားခြင်းကိုခံနေရတဲ့ ဘယ်လင်ဂမ်ကို ယူနိုက်တက်တို့က ကြေးကြီးပေး ကမ်းလှမ်းပြီး လက်ဦးမှု အရယူဖို့လည်း ရှိနေတာပါ။  ဘယ်လင်ဂမ်ဟာ ၂၅ ပွဲ ကစားပြီး ၄ ဂိုးသွင်းယူကာ ၁ ဂိုး ဖန်တီးပေးထားတဲ့ ကွင်းလယ်ကြယ်ပွင့်တဦးလည်း ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ရက်ကမှ ဘာမင်ဂမ်အသင်းရဲ့ သမိုင်းတလျှောက် အသက်အငယ်ဆုံးဂိုး သွင်းယူသူ ဖြစ်လာခဲ့တဲ့ ဘယ်လင်ဂမ်သာ ယူနိုက်တက်အသင်းဆီ ရောက်ရှိခဲ့မယ်ဆိုရင် မန်ယူနိုက်တက်ရဲ့ အသက်အငယ်ဆုံး ကစားသမားတဦး ဖြစ်လာဖို့ ရှိနေပါတယ်။

More News
Up