Homeမြန်မာသတင်း
ရခိုင်စစ်ဘေးရှောင်များအတွက် ဒေါ်လာ ၂ သိန်းကျော်တန်ဖိုးရှိ ရိက္ခာပစ္စည်းများ အိန္ဒိယပေးအပ်
ရခိုင်စစ်ဘေးရှောင်များအတွက် ဒေါ်လာ ၂ သိန်းကျော်တန်ဖိုးရှိ ရိက္ခာပစ္စည်းများ အိန္ဒိယပေးအပ်
ဝဏ္ဏခွာညို
·
January 22, 2020
ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေအတွက် အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ ၂ သိန်းကျော်တန်ဖိုးရှိတဲ့ ရိက္ခာပစ္စည်းတွေအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဇန်နဝါရီ ၂၁ ရက်နေ့က စစ်တွေမြို့ အိန္ဒိယဆိပ်ကမ်းမှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
အိန္ဒိယအစိုးရကထောက်ပံ့တဲ့ ရိက္ခာပစ္စည်းတွေကို ရခိုင်ပြည်နယ်အတွင်းမှာရှိကြတဲ့ စစ်ဘေးရှောင်တွေရဲ့ လက်ထဲ ရောက်အောင်ပေးအပ်သွားမယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး Shri. Saurabh Kuma ကပြောပါတယ်။
“ဒီရိက္ခာပစ္စည်းတွကို ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်လက်ထဲကို ရောက်မယ်ဆို သူတို့လည်း တကယ်ဝမ်းသာလိမ့်မယ်လို့ မျှော်လင့်ကြောင်း” ပြောဆိုပါတယ်။
အိန္ဒိယအစိုးရက ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေအတွက် ဆန်အိတ် ၂၀၀၀၀၊ ဆန်ကြာဆံ၊ ပဲဆီ၊ ငရုတ်ကောင်း၊ နနွင်း၊ ဆားနဲ့ တာပေါ်လင်စတဲ့ အမေရိကန် ဒေါ် ၂၃၅၀၀၀ ကျော် ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။
ရခိုင်စစ်ဘေးရှောင်တွေကို အိန္ဒိယအစိုးရက ကူညီပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက မေတ္တာရပ်ခံတာကြောင့် လာရောက်လှူဒါန်းရတာလို့ အိန္ဒိယသံမတ်က သတင်းထောက်တွေကို ပြောပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်ပြည်သူ ၁ သိန်းကျော်အထိရှိလာနေပြီး တချို့ စစ်ဘေးရှောင်စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုအကူအညီတွေ လိုအပ်နေသလို စားနပ်ရိက္ခာတွေ ပြတ်တောက်နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။