Homeရုပ်သံ
ကိုရီးယားမလေးလို သရုပ်ဆောင်ထားသည့် ဖွေးဖွေးနှင့် ပိုင်တံခွန်တို့ သနပ်ခါးကြော်ငြာ ရေပန်းစား (ရုပ်သံ)
ကိုရီးယားမလေးလို သရုပ်ဆောင်ထားသည့် ဖွေးဖွေးနှင့် ပိုင်တံခွန်တို့ သနပ်ခါးကြော်ငြာ ရေပန်းစား (ရုပ်သံ)
DVB
·
January 22, 2020
နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ စူပါမော်ဒယ် ပိုင်တံခွန်နဲ့ သရုပ်ဆောင်မင်းသမီး ဖွေးဖွေးတို့ အတူတွဲသရုပ်ဆောင်ထားတဲ့ သနပ်ခါးကြော်ငြာရုပ်သံဟာ လတ်တလော ပရိသတ်တွေကြား ရေပန်းစားနေပါတယ်။
ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးထားတဲ့ ဒီကြော်ငြာရုပ်သံထဲမှာတော့ ဖွေးဖွေးက ကိုရီးယားကောင်မလေးတယောက်လို သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ဂျီယောင်း(ခ)ဖွေးဖွေးဟာ မြန်မာသနပ်ခါးအကြောင်းစိတ်ဝင်စားသူတဉီးဖြစ်ပြီး ခရီးသွားလုပ်ငန်းလုပ်ကိုင်တဲ့ ပိုင်တံခွန်နဲ့ အမှတ်တမဲ့ ဆုံမိခဲ့ကြချိန်ကနေတဆင့် အချစ်ဒရာမာပုံစံ ရိုက်ကူးပုံဖော်ထားတဲ့ ဒီကြော်ငြာဟာ Bella အမှတ်တံဆိပ် အလှကုန်ကြော်ငြာအနေနဲ့ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။
ဆန်းသစ်တဲ့ အိုက်ဒီယာနဲ့အညီ ပိုင်တံခွန်နဲ့ ဖွေးဖွေးတို့ အတွဲညီညီ သရုပ်ဆောင်ထားကြတဲ့ ဒီရုပ်သံကြော်ငြာဟာ ပုံစံတမျိုးနဲ့ ထူးခြားနေခဲ့တာပါ။
ပုံမှန်မြင်တွေ့နေကျ ကြော်ငြာမျိုးမဟုတ်တဲ့ ဒီကြော်ငြာဟာ ကြာမြင့်ချိန် မိနစ် ၂၀ နီးပါး ရှိနေခဲ့တာဖြစ်ပြီး ကြော်ငြာနာမည်ကိုတော့ ‘တပြည်ကွာအနမ်း’ လို့ အမည်ပေးထားပါတယ်။
ဒီကြော်ငြာကို Bella ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ၂ ရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သိန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။