စခန်းမှူး ၃ ဦးအား အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးထံ မကွေးဝန်ကြီးချုပ်တင်ပြ
DVB
·
January 21, 2020
တရားဥပဒေစိုးမိုးရေးအတွက် ထိရောက်စွာအရေးယူဖို့ ပျက်ကွက်တယ်လို့ ယူဆရတဲ့ မကွေးတိုင်း မြို့နယ် ၃ မြို့မှ ရဲစခန်းမှူး ၃ ဦးကို အရေးယူပေးဖို့ ပြည်ထဲရေးဝန်ကြီးထံ တင်ပြထားတယ်လို့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
မကွေးတိုင်းမြိုနယ်အချို့မှာ လောင်းကစားဝိုင်းတွေ ပြုလုပ်နေတာကို ဒေသခံတွေက တိုက်ရိုက်တိုင်ကြားလာတာကြောင့် သက်ဆိုင်ရာနယ်မြေရဲစခန်းတွေကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ဖို့ ညွှန်ကြားထားပေမဲ့ လောင်းကစားဝိုင်းတွေ ပြုလုပ်ခြင်းမရှိဘူးလို့ အကြောင်းပြန်ကြား ခဲ့တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။
“ကျနော်ဆီကို တာဝန်သိပြည်သူတွေက ဒီလိုဓာတ်ပုံတွေနဲ့ သက်သေအထောက်အထား၊ နေရာအတိအကျတွေနဲ့ တိုင်တယ်၊ ဒါကိုလူယုံလွတ်ပြီး သေချာလေ့လာပြီးသေချာမှ ဒီကိစ္စ ကိုင်တွယ်ဖြေရှင်းဖို့ ရဲကိုလွှဲလိုက်တယ်၊ ဇန်နဝါရီ ၁၂ရက်နေ့က ချိန်းဝိုင်းပဲရှိတယ်လို့ ရဲက ပြန်ပြောတယ်။”
လောင်းကစားဝိုင်းတွေ ဖမ်းဆီးသင့်ပါလျက် လောင်ကစားတွေ မရှိဘူးလို့ပြောတဲ့အတွက် သူတိုဟာ နယ်မြေအေးချမ်းအေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်ဖို့ပျက်ကွက်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေးအတွက် ထိရောက်စွာ အရေးယူဖို့ ပျက်ကွက်တယ်လို့ ယူဆပြီး မြို့နယ် ၃ မြို့နယ်မှ စခန်မှူး ၃ ဦးအား အရေးယူပေးဖို့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးထံ တင်ပြထားတယ်လို့ တိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ဇန်နဝါရီ ၂၀ ရက်နေ့က ပြောပါတယ်။
တင်ရွှေ(မင်းဘူး)