ဖမ်းဆီးထားသည့် လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို အေအေ ပြန်လွှတ်
ဝဏ္ဏခွာညို
·
January 21, 2020
ဖမ်းဆီးထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဒီကနေ့ လွှတ်ပေးလိုက်ပြီးလို့ ရက္ခိုင့်တပ်တော်အေအေက ထုတ်ပြန်ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဇန်နဝါရီ ၂၁ ရက်နေ့က ပလက်ဝမြို့နယ်က လုံခြုံပြီး အန္တရယ်ကင်းတဲ့နေရာတခုမှာ ကောင်းမွန်စွာ ပြန်လည်လွှတ်ပေး လိုက်တယ်လို့ ဆိုပါတယ်။
အခုလို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော်ပြောရေးခွင့်ရှိသူ ခိုင်သုခကို ဒီဗွီဘီဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အန်အယ်လ်ဒီပါတီကိုယ်စားပြု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁ ရက်က ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်ကို မော်တော်ဘုတ်နဲ့ သွားရောက်စဉ် အေအေအဖွဲ့ရဲ့ ဖမ်းဆီးတာ ခံခဲ့ရတာပါ။