Home
မြန်မာသတင်း
မြန်မာ့သနပ်ခါး ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး ဆွေးနွေး
DVB
·
January 21, 2020
မြန်မာ့သနပ်ခါး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အား ယူနက်စကို အသိအမှတ်ပြုစာရင်း တင်သွင်းနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားပြတိုက်မှာ မနေ့က ကျင်းပခဲ့ပါတယ်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ၊ ဒြပ်မဲ့ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီမှ ပညာရှင်တွေ၊ အဖွဲ့ဝင်တွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ သနပ်ခါး အသင်းနှင့် သနပ်ခါးဆိုင်ရာ ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ Representative List (ကိုယ်စားလှယ်စာရင်း) တင်သွင်းနိုင်ရေး အချိန်ဇယားကို ဆွေးနွေးခဲ့ကြသလို မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့ကို UNESCO ကို အမည်စာရင်းတင်သွင်းခြင်းဆိုင်ရာ ဆွေးနွေးပွဲ (Talkshow)နဲ့ အဆိုပြုလွှာပုံစံမှာ ဖြည့်စွက်နိုင်ဖို့ အဖွဲ့လိုက် ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ တက်ရောက်လာသူတွေက မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့နဲ့ ပတ်သက်တဲ့ အထောက်အထားတွေ၊ မြန်မာ့သနပ်ခါးရဲ့ ဆေးဘက် ဝင်ပုံတွေ၊ သနပ်ခါးအသုံးပြုတဲ့ ရိုးရာပွဲတော်တွေနဲ့ သနပ်ခါး ယဉ်ကျေးမှု ဓလေ့ကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024