Road to Japan ခရီးစဉ်အတွက် ကစားသမား ၂၅ ဦးစာရင်း ထုတ်ပြန်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ MPT နှင့် Myanmar Care တို့ ပူးပေါင်းစီစဉ်တဲ့ MFF-MNL's Youth Development Program (Road to Japan 2020) ဘောလုံးခြေစမ်း လေ့လာရေးခရီးစဉ်အတွက် ကစားသမား ၂၅ ယောက်စာရင်းကို ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ မြန်မာနေရှင်နယ်လိဂ်အနေနဲ့ နိုင်ငံအဝန်းမှ ရွက်ပုန်းသီး လူငယ်မျိုးဆက်သစ် ကစားသမားများ ထွက်ပေါ်လာရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အဆိုပါကစားသမားတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ MPT နှင့် Myanmar Care တို့က အခြေခံပညာဦးစီးဌာနနဲ့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် MFF 100 Plus Cup States and Regions (Boy's) လူငယ်ဘောလုံးပြိုင်ပွဲတွေက ထွက်ပေါ်လာခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲနှစ်ရပ်မှ အကောင်းဆုံးကစားသမား ၇၅ ဦးကို စာရင်းပြုစုခဲ့ပြီးနောက် အကောင်းဆုံး ကစားသမားတွေကို A, B, C, D အသင်းတွေ ခွဲပြီး ရန်ကုန်မြို့မှာ ပတ်လည်ခြေစမ်းပွဲတရပ် ထပ်မံကျင်းပပြုလုပ်ပေးခဲ့ပြီး ဂျပန်ခရီးစဉ်အတွက် ဆန်ကာတင် ၂၅ ယောက်ကို စိစစ်ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ ဂျပန်ခရီးစဉ်အား ဧပြီလကုန် ဒါမှမဟုတ် မေလ ပထမပတ်အတွင်း သွားရောက်ဖို့ စီစဉ်ထားပြီး အာရှထိပ်သီး ဂျေလိဂ်အမှတ်ပေးပွဲစဉ်တွေကို စုပေါင်းကြည့်ရှုတာ၊ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားတာနဲ့ ပူးတွဲလေ့ကျင့်တဲ့ အစီအစဉ်တွေ ပါဝင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဂျပန်ခရီးစဉ် လိုက်ပါခွင့်ရ ၂၅ ယောက်– ၁။ ခွန်အေးချမ်းအောင်(ဂိုး) ၂။ သီဟန်ဖြိုး(ဂိုး) ၃။ ဖြိုးသုတ(ဂိုး) ၄။ စောသိန်းဝင်းအောင်(နောက်) ၅။ ထွန်းလင်းအောင်(နောက်) ၆။ အောင်မျိုး(နောက်) ၇။ ညီညီလင်း(နောက်) ၈။ ပြည့်ဖြိုးဇော်(နောက်) ၉။အောင်မျိုးထက်(နောက်) ၁၀။ မြင့်နိုင်(နောက်) ၁၁။ ခမ်ဗျက်တွောင်(နောက်) ၁၂။ ကောင်းခန့်ကျော်(လယ်) ၁၃။ လှိုင်ထွဋ်(လယ်) ၁၄။အောင်ဇော်မျိုး(လယ်) ၁၅။ ရဲရင့်အောင်(လယ်) ၁၆။ ခွန်နေအောင်(လယ်) ၁၇။ ဟန်ထွန်းဇော်(လယ်) ၁၈။ ကျော်မင်းထက်(လယ်) ၁၉။ သန်းလင်းကို(ရှေ့) ၂၀။ မျိုးသန်းကျော်(ရှေ့) ၂၁။ စောမျိုးဇော်(ရှေ့) ၂၂။ သက်ပိုင်ဖြိုး(ရှေ့) ၂၃။ စောနေဝင်းထွန်း(ရှေ့) ၂၄။ အောင်ကောင်းမြတ်(ရှေ့) ၂၅။ စောချမ်းမြေ့ကိုကို(ရှေ့) Photo : Myanmar Football Federation

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up