နိုင်ငံခြားသားများထံမှ လုယက်သူများကို ဖမ်းဆီးရမိ (ဓာတ်ပုံ)
DVB
·
February 22, 2013
ပုဂံ-ညောင်ဦးမှာ ၁၆ ရက်အတွင်း နိုင်ငံခြားသားတွေဆီကနေ လုယက်မှု ၃ မှုဖြစ်ပွားခဲ့ရာ ၁ မှု ကို ၂ ရက်အတွင်း ဖော်ထုတ်နိုင်ခဲ့ပြီး ကျန် ၂ မှုကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ညောင်ဦး ရဲစခန်းမှူးက ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက်၊ ၁၄ ရက် နဲ့ ၁၆ ရက်နေ့တွေမှာ လုယက်ခံခဲ့ကြရတာဖြစ်ပြီး ၁၆ ရက်နေ့ နေ့လယ်ပိုင်း ဖြစ်ပွားခဲ့တဲ့ အင်္ဂလန် နိုင်ငံသူ ၂ ဦးရဲ့ စက်ဘီးခြင်းထဲက အိတ်လုယက်သူတွေကို ၂ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
(ဓာတ်ပုံ - အောင်စိုးထိုက်)
Read more