A d v e r t i s e m e n t With Us

နိုင်ဂျီးရီးယားအစိုးရပိုင် ရေနံပိုက်လိုင်း မီးလောင်၊ ၃ ဦးသေ

Reuters
နိုင်ဂျီးရီးယားနိုင်ငံရဲ့ စီးပွားရေးမြို့တော် လာဂို့စ်မှာ ဇန်နဝါရီ ၁၉ ရက်က အစိုးရပိုင် ရေနံကုမ္ပဏီက ရေနံပိုက်လိုင်း မီးလောင်ခဲ့တာကြောင့် လူ ၃ ယောက် သေဆုံးတယ်လို့ မျက်မြင်သက်သေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။ ည ၈ နာရီ မတိုင်ခင်လေးက စပြီး မီးလောင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူတွေ အများကြီးပဲလို့ တခြားမျက်မြင်သက်သေ ဒေသခံတယောက်က ပြောပေမယ့် သီးခြားစိစစ် အတည်ပြုနိုင်မှု မရှိသေးပါဘူး။ အာဖရိကရဲ့ အကြီးဆုံး ရေနံစိမ်းထုတ်လုပ်သူ နိုင်ဂျီးရီးယားနိုင်ငံမှာ သူခိုး၊ ဓားပြတွေရဲ့ ရေနံခိုးယူတဲ့ နည်းလမ်းတွေကြောင့် ရေနံပိုက်လိုင်းတွေ မီးလောင်မှု မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ရေနံပိုက်လိုင်းမှာ လက်သရမ်း ဖျက်ဆီးမှုတချို့ရှိတယ်လို့ လာဂို့စ်ပြည်နယ် အရေးပေါ်စီမံရေးအေဂျင်စီ (NNPC) ရဲ့ ညွှန်ချုပ်က ပြောပါတယ်။ ဒီမီးလောင်မှုကြောင့် နိုင်ဂျီးရီးယား အမျိုးသားရေနံကော်ပိုရေးရှင်းမှာ ဘယ်လို သက်ရောက်မှုရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ NNPC ပြောခွင့်ရကတော့ အစိုးရရေနံကုမ္ပဏီက အခြေအနေကို စစ်ဆေးနေတယ်လို့ ဇန်နဝါရီ ၁၉ ရက်က ပြောပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up