Home
မြန်မာသတင်း
ထိုင်ဝမ်သင်္ဘောပင်စိုက် မြစ်သားတောင်သူများ ဝင်ငွေကောင်း 
DVB
·
January 20, 2020
မန္တလေးတိုင်း မြစ်သားမြို့နယ်မှာ ထိုင်ဝမ်းသင်္ဘောပင် စိုက်ပျိုးတဲ့ တောင်သူတွေ ဝင်ငွေကောင်းနေကြတယ်လို့ သိရပါတယ်။ နေလသင်္ဘောပျိုးပင်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးဇော်သက်က "မြစ်သားနဲ့ ကျောက်ဆည် မှာ ၂၀၁၈ ကစပြီး ဒါကို စီပွားဖြစ်စိုက်လာကြတယ်။ ၂၀၁၉ ခုနှစ်မှာ ပျိုးပင် ၄ သောင်းလောက် ရောင်းရတယ်။ ၁ ဧကကို အပင် ၇၀၀ လောက် စိုက်လို့ရတယ်။ အရင်းကတော့ သိန်း ၂၀ နဲ့ သိန်း ၃၀ ကြားမှာရှိနေတယ်။ အနည်းဆုံးအမြတ်ငွေ အရင်းရဲ့တဆ ၂၀ ရင်းရင် ၂၀ မြတ်တယ်။ ၃၀ ရင်းရင် ၃၀ မြတ်တယ်။ အစိမ်းရော၊ အမှည့်ရော ၂ မျိုးလုံး မြန်မာပြည်အနှံ့ ရောင်းရတယ်။ နွေရာသီမှာ ပိုရောင်းရတယ် စျေးပိုရတယ်၊ တခါစိုက်ထားရင် ဂရုစိုက်တဲ့အပေါ် မူတည်ပြီး တနှစ်ကျော် ခူးဆွတ်ရတယ်" လို့ ပြောပါတယ်။ ထိုင်ဝမ်သင်္ဘောပင်မျိုး ၃ မျိုးရှိပြီး အစိုက်အများဆုံးကတော့ ရွှေနီ ၁၆၈ ဖြစ်ပြီး ၇၈၆ မျှားနီ နဲ့ ၇၈၆ ဘရဏီတို့ကိုတော့ စိုက်ပျိုးတာနည်းပါးပါတယ်။ သင်္ဘောပင်စိုက်တောင်သူ ကိုပြေသိန်းက "မြတ်တာတော့မြတ်တယ်။ ပိုမြတ်အောင်ဆို စျေးကွက်ကို လေ့လာ၊ ဝယ်လက်ကို စနည်းနာပြီးမှ စိုက်ပါ။ ဘယ်အချိန် စျေးကောင်းရမလဲ  စျေးကောင်းတဲ့အချိန် ဖြိုင်ဖြိုင်ထွက်အောင်လုပ်နိုင်ရင် စီပွားဖြစ်မယ်" လို့ ပြောပါတယ်။ ထိုင်ဝမ်သင်္ဘောပင်တပင်မှာ တခါသီးရင် အနည်းဆုံး အလုံး ၅၀ ကနေ ၇၀ အထိ သီးတတ်ပြီး အသီးတလုံးကို ၅၀၀ ကျပ်ကနေ ၉၀၀ ကျပ်အတွင်း ရောင်းရပြီး ၆၀ ကျပ်သား(1kg) ရှိတဲ့ စံချိန်မီအသီးက စျေးပိုရပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024