ဂျပန်-မြန်မာ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
DVB
·
February 22, 2013
ဂျပန်နိုင်ငံ တိုကျိုကို ရောက်နေတဲ့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဒေါက်တာကံဇော်ဟာ ဂျပန် နိုင်ငံတကာတက္ကသိုလ် ဥက္ကဋ္ဌ ရှင်နီချီ ကီတာအိုကာ (Shinichi Kitaoka) နဲ့ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဆွေးနွေးခဲ့တယ်လို့ ဂျပန် နိုင်ငံတကာတက္ကသိုလ် အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။
အရည်အသွေးမီ ပညာရေးအတွက် ဂျပန် နိုင်ငံတကာတက္ကသိုလ်ရဲ့ ခံယူချက်ကိုလည်း ရှင်းပြခဲ့ပြီး ဆွေးနွေးမှုက ၄၅ မိနစ်လောက်ကြာတယ်လို့ ဂျပန်သတင်းတွေမှာ ရေးသားပါတယ်။ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးကလည်း ဂျပန်က ပညာရေးအဖွဲ့တွေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားတယ်လို့ ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦီးခင်မောင်တင်နဲ့ နိုင်ငံခြားစီးပွားရေး ဆက်ဆံရေးဌာန အထွေထွေ ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းလင်း တို့လည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။