ကော့သောင်းတွင် သိန်း ၁၁၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
January 19, 2020
တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ကျပ်သိန်းပေါင်း ၁၁၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့ အိုက်စ်မူးယစ်ဆေးတွေကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ရေကြောင်းရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
ရေကြောင်းရဲ တပ်ဖွဲ့မှူးရဲမှူး ရဲမင်းထက်နဲ့အဖွဲ့ဟာ လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် ကော့သောင်းမြို့မွေတော်ကျွန်းအနီး ရေပြင်ကို ဖြတ်ပြီးမောင်းနှင်လာတဲ့ မင်္သကာဘွယ် ရာလှေငယ်တစီးအား မီးအချက်ပြခေါ်ရာ ရပ်မပေးဘဲ ရွှေဇင်ယော်ရပ်ကွက်ကမ်းရိုးတန်း တံတားအနီး ချည်တိုင်မှာ ဆိုက်ကပ်ပြီး လှေမောင်းနှင်သူကတော့ ထွက်ပြေးလွှတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
အဆိုပါလှေပေါ်ကနေ ပလတစ်တစ် ရေခဲပုံးအတွင်းမှာ ငွေရောင် အလျူမီနီယံသေတ္တာတလုံးကို ဖွင့်ဖောက်စစ်ဆေးရာ ကျပ်သိန်းပေါင်း ၁၁၀၀ ကျော် တန်ဖိုးရှိ WY စာတန်းပါ မူးယစ်စိတ်ကြွဆေးပြား (၁၈၅၂၅) ပြားနဲ့ အိုက်စ်မူးယစ်ဆေး ၅၀ ဂရမ်လောက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ထွက်ပြေးသွားတဲ့လှေမောင်းကတော့ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်နေ အဝီ (ခ) ထွန်းထွန်းဦဖြစ်ပြီး ကော့သောင်းရဲစခန်းက မူး/စိတ်ပုဒ်မ. ၁၉(က) အရ အမှုဖွင့်ပြီး ဖမ်းဆီးမိရေး ဆောင်ရွက်နေယ်လို့ ရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
လတ်ကိုကိုဦး